DVB Logo
Home
မြန်မာသတင်း
အမတ်နှင့်လွှတ်တော်ဥက္ကဋ္ဌ လစာ ၁၂ ဆ ကွာမှု စိတ်မလုံခြုံသလို ခံစားရဟု ဦးရွှေမန်းပြော
DVB
·
July 3, 2014
အမတ်နှင့်လွှတ်တော်ဥက္ကဋ္ဌ လစာ ၁၂ ဆ ကွာမှု စိတ်မလုံခြုံသလို ခံစားရဟု ဦးရွှေမန်းပြော
Donate to DVB

ပြည်ထောင်စုအဆင့် အမတ် ၁ ယောက် လစာ ကျပ် ၃ သိန်းရပြီး လွှတ်တော်ဥက္ကဋ္ဌက လစာ ကျပ် ၃၅ သိန်းရနေတာဟာ ၁၂ ဆ လောက် ကွာခြားနေတာမို့ သူစိတ်ထဲမှာ မလုံမခြုံ ဖြစ်သလို ခံစားနေရတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

u shwe mahnဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အမတ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ ဆွေးနွေးစဉ် သူရဦးရွှေမန်းက ခုလို ပြောလိုက်တာပါ။

ချင်းပြည်နယ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇာတလျန်းကလည်း သူတို့ အမတ် လစာ ၃ သိန်းဟာ နည်းနေတဲ့အတွက် ၅ သိန်းကို တိုးမြှင့်ပေးဖို့ တင်ပြရတာ ဖြစ်တဲ့အကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌတွေ ၁ လ ကျပ် ၃၅ သိန်းရနေတာကလည်း များလွန်းနေပြီး မမျှတဘူးလို့ ထောက်ပြပါတယ်။

သူရဦးရွှေမန်းကတော့ အမတ်တွေ လစာကို အမတ်တွေကိုယ်တိုင် သတ်မှတ် မဲခွဲ ဆုံးဖြတ်တာဟာ မသင့်တော်တဲ့အတွက် လွှတ်တော်ကော်မတီတွေနဲ့ အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးပြီးမှ ဥပဒေကြမ်း ၅ ခု ပြင်ဆင်ရင် ကောင်းမယ်လို့ အဆိုပြုတာကို ပြည်သူ့လွှတ်တော်က လက်ခံပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013