DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ဖွင့်မည်
DVB
·
July 3, 2014
ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ဖွင့်မည်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးရာ အချက်အလက်တွေ ဆက်သွယ်မေးမြန်းနိုင်ဖို့ အရေးပေါ်ဖုန်းလိုင်းတခု ဖွင့်လှစ်သွားမယ်လို့  ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမစ် မဟိုဆွတ်က ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

burmese-workerဆက်သွယ်ရမယ့် ဖုန်းနံပါတ်က ၁၆၉၄ ဖြစ်ပြီး ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယား ဘာသာ ၃ မျိုးနဲ့  လက်ခံ ဖြေကြားပေး မှာဖြစ်ကြောင်း၊ လာအိုနိုင်ငံ သားတွေအတွက်တော့ သူတို့သုံးတဲ့ ဘာသာစကားက ထိုင်းဘာသာနဲ့ ဆင်တူတဲ့အတွက် သီးသန့်ထားရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အချိန်ကိုတော့ မနက် ၆ နာရီကနေ ၉ နာရီထိ တကြိမ်နဲ့ ညနေ ၄ နာရီကနေ ၁၀ နာရီထိ တနေ့ ၂ ချိန် ဖွင့်လှစ်ထားမှာဖြစ်ကြောင်း၊ ဒါကတော့ အလုပ်သမားတွေအတွက် ဆက်သွယ် မေးမြန်းရတာ အဆင်ပြေအောင် အများစု အလုပ်နားချိန်နဲ့ တိုက်ပြီး ဖွင့်လှစ်ပေးကာ ဒီအစီအစဉ်ကို ၂၀၁၄ ဇူလိုင် ၄ ရက်နေ့မှာ စတင်သွားမယ်လို့  ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒါဟာ ထိုင်းနိုင်ငံအနေနဲ့  နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားအရေးကို တရားမျှတစွာနဲ့ အလေးထား ဆောင်ရွက်နေကြောင်း အမေရိကန်နဲ့တကွ တခြားနိုင်ငံတွေပါ သိရှိအောင် ပြသလိုက်တာလို့ ညွှန်ကြားရေးမှူးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013