DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမစျာပန  ဇွန် ၆ ရက်တွင် ကျင်းပမည်
DVB
·
May 29, 2023
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမစျာပန  ဇွန် ၆ ရက်တွင် ကျင်းပမည်
Donate to DVB

ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ မန္တလေးမြို့တောင်ပြင် ဗန်းမော်တိုက်၊ နိုင်ငံတော် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နဝမမြောက်ဗန်းမော် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ကို  ဇွန် ၆ ရက် ညနေမှာ အန္တိမစျာပနကျင်းပဖို့ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်ဖို့ ရှိနေပါတယ်။ 

အန္တိမစျာပနကျင်းပရေးဦးစီးကော်မတီနဲ့ နီးစပ်တဲ့ မန္တလေးဒေသခံ တဦးက "၃၉ - ၇၃  လမ်း အတိုင်းပြီးတော့ ၇၃  လမ်းကနေ၃၈  လမ်း အဲကတဆင့် ၃၈ လမ်း  ၇၈ လမ်း။ အဲဒီနောက်တော့ ၇၈ လမ်းအတိုင်း ချမ်းမြသာစည်လေဆိပ်ဟောင်းကို ပင့်ဆောင်မှာပါ"  လို့ ပြောပါတယ်။

ခုချိန်မှာဆိုရင် ရဟန်းရှင်လူအပေါင်း ကြည်ညိုဖူးမျှော်နိုင်ဖို့ တောင်ပြင် ဗန်းမော်ကျောင်းတိုက် ယာယီစံကျောင်းမှာ ထားရှိအပူဇော်ခံနေတာဖြစ်ပါတယ်။

ဇွန်လ ၆ ရက် အင်္ဂါနေ့ညနေမှာ  ချမ်းမြသာစည်လေဆိပ်ဟောင်းကို ပင့်ဆောင်ပြီး အန္တိမစျာပန ကျင်းပမှာဖြစ်လို့ အဲဒီနေ့မှာဆိုရင် ဗန်းမော်ကျောင်းတိုက်ကနေ ပင့်ဆောင်ရာ လမ်းကြောင်း တလျှောက်နဲ့ ချမ်းမြသာစည်လေဆိပ်ဟောင်းတွေမှာ ဖူးမျှော်ကြည်ညိုနိုင်တယ်လို့ ဆိုပါတယ်။

သက်တော် ၉၅ နှစ်  ဝါတော် ၇၅ ဝါ ရှိတဲ့ဆရာတော်ဟာ ပြီးခဲ့တဲ့ မေ၂၅ မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ဒုပါမောက္ခချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် မြန်မာနိုင်ငံမှာ တပါးတည်းသော "သိရောမဏိ" ဘွဲ့ရှင်လည်းဖြစ်တာမို့ ဆရာတော်ကို ကိုးကွယ်တဲ့ ဒါယကာ၊ ဒါယိကာမတွေက ဝမ်းနည်းပူဆွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013