DVB Logo
Home
မြန်မာသတင်း
DVB အထူးရေဒီယိုအစီအစဉ်သစ် “ချစ်သောကမ္ဘာမြေ” စတင်ထုတ်လွှင့်မည်
DVB
·
May 29, 2023
DVB အထူးရေဒီယိုအစီအစဉ်သစ် “ချစ်သောကမ္ဘာမြေ” စတင်ထုတ်လွှင့်မည်
Donate to DVB

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယို အထူးအစီအစဉ်သစ်ကို   မေလ ၂၉ ရက် ဒီကနေ့ညပိုင်း စတင်ထုတ်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ မုန်တိုင်းသင့်ဒေသက ပြည်သူတွေရဲ့ အသံတွေ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ၊ ဆက်သွယ်မေးမြန်းချက်တွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က “ မြန်မာနိုင်ငံမှာ အခုလို သဘာဝဘေးကပ်ဆိုးကျရောက်နေတဲ့အချိန် အရေးပေါ်အကူအညီ ရရှိရေးအတွက် သတင်းအချက်အလက်တွေကို ကျနော်တို့ အတတ်နိုင်ဆုံး ရှာဖွေ တင်ဆက်ပေးသွားမှာပါ”လို့ ပြောပါတယ်။ 

ဒီအစီအစဉ်ကို မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၇ နာရီခွဲ အထိ လှိုင်းတို ၁၃  မီတာ၊ ကီလိုဟာ့ဇ်  ၂၁၈၄၀  ကနေ ဖမ်းယူနားဆင်နိုင်ပါတယ်။

ဒါ့အပြင်  ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ရဲ့ အင်တာနက်စာမျက်နှာ ဝက်ဆိုက် http://burmese.dvb.no ၊  DVB News PODCAST ချန်နယ် https://podcasters.spotify.com/pod/show/DVBNEWS ၊  DVB TV News Facebook လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/DVBTVNews တွေကနေ တဆင့်လည်း နားဆင်နိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013