DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တိုက်ပွဲ ၄၁၅ ကြိမ်ဖြစ်၊ စစ်အုပ်စုဘက်က ၅၂၇ ဦးသေဟု NUG ပြော
DVB
·
May 28, 2023
တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တိုက်ပွဲ ၄၁၅ ကြိမ်ဖြစ်၊ စစ်အုပ်စုဘက်က ၅၂၇ ဦးသေဟု NUG ပြော
Donate to DVB

ပြီးခဲ့တဲ့ ဧပြီ တလတာအတွင်း အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ တိုက်ပွဲအကြိမ်ရေ ၄၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၅၂၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမှတ် (၁) စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ၃၉ ယောက် ကျဆုံးခဲ့ကာ ၁၃၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေဘက်ကတော့ အဆိုပါတိုက်ပွဲတွေအတွင်း အယောက် ၈၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၄၉ လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်း ဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပြီး ဒီတိုက်ပွဲတွေကိုတော့ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှု အောက်က PDF၊ ပကဖ နဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာလို့လည်း ဖော်ပြပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းလာတာ ၂ နှစ်ပြည့်ချိန်မှာ တနိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ လောက် အတည်ပြုခဲ့နိုင်ပြီး ရပ်ရွာအခြေပြု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတယ်လို့ သိရပါတယ်။

PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းလို့ စစ်တိုင်းကြီး ၃ တိုင်းနဲ့ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အမှတ် (၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသဆိုတဲ့ စစ်ဒေသ ၂ ခု ဖွဲ့စည်းထားတာပါ။

ပြီးခဲ့တဲ့ ဧပြီလကုန်ထိ ၄ လတာအတွင်းမှာတော့ စခန်းသိမ်းတိုက်ပွဲ အကြိမ် ၄၀ ကျော်၊ အရေးကြီး ပစ်မှတ်တွေကို အကြိမ် ၃၀ လောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ထောက်ခံသူပေါင်း ၆၀၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေနဲ့ စစ်ကြောင်းတွေ၊ တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာန ချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်တွေကို ဒရုန်း၊ ရှော့တိုက်ဒုံးနဲ့ တာဝေးပစ်ဒုံးတွေသုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013