DVB Logo
Home
မြန်မာသတင်း
ရန်ပုံငွေအတွက်ပြသမယ့် “ဤခရီးနီးသလား” မှတ်တမ်းရုပ်ရှင်
DVB
·
May 28, 2023
ရန်ပုံငွေအတွက်ပြသမယ့် “ဤခရီးနီးသလား” မှတ်တမ်းရုပ်ရှင်
Donate to DVB

ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ CDF နဲ့  CNA ချင်းလက်နက်ကိုင်အဖွဲ့တွေအကြောင်းကို ရိုက်ကူးထားတဲ့ ”ဤခရီးနီးသလား” မှတ်တမ်းရုပ်ရှင်ကို လာမယ့် ဇွန်လကစပြီး တော်လှန်ရေးရန်ပုံငွေအဖြစ် နိုင်ငံတကာမှာ ပြသဖို့ ရှိနေပါတယ်။

CDF ပလက်ဝ ဆက်ဆံရေးရုံးမှာ ဇာတ်လမ်းစတည်ကာ ယောနယ်အထိသွားရောက်ပြီး ချင်းပြည်နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲတွေအကြောင်းကို ဖုန်းတစ်လုံးတည်းနဲ့ ရိုက်ကူးထားခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။

ဒါရိုက်တာစိုင်းကျော်ခိုင်က “လမ်းခရီးအခက်အခဲတွေကြားမှာ တကယ့်အဖြစ်မှန်တွေကို ဖုန်းတစ်လုံးတည်းနဲ့  နှစ်လကျော် ရိုက်ကူးခဲ့ရတဲ့  မှတ်တမ်းရုပ်ရှင်ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို မတ်လ ၂၅ ရက်က ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCTT) မှာ ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့ပြီးဖြစ်ပါတယ်။

“ခက်ခဲတဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ဆော PDF အဖွဲ့ရဲ့ အဓိကရန်ပုံငွေအတွက် ဒီရုပ်ရှင်ကို ပြသဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ဒါရိုက်တာစိုင်းကျော်ခိုင်က ပြောပါတယ်။

၂၀၂၃ ခုနှစ်ဇွန်လက စတင်ပြီး ရန်ပုံငွေရှာဖွေတဲ့ အဖွဲ့တွေ့နဲ့ ချိတ်ဆက်ပြီး နိုင်ငံအသီးသီးမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013