DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်ရေး တိုင်းရင်သားခေါင်းဆောင်များ လိုင်ဇာတွင် ဆွေးနွေးမည်
DVB
·
July 3, 2014
တနိုင်ငံလုံး အပစ်ရပ်ရေး တိုင်းရင်သားခေါင်းဆောင်များ လိုင်ဇာတွင် ဆွေးနွေးမည်
Donate to DVB

တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ၁၆ ဖွဲ့က ထိပ်သီး ခေါင်းဆောင်တွေ လာမယ့် ဇူလိုင်လ တတိယအပတ် ကချင်လွတ်လပ်ရေတပ်မတော် (ကေအိုင်အို) ထိန်းချုပ်ရာနယ်မြေမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

[caption id="attachment_59583" align="alignleft" width="212"]ဦးခွန်ဥက္ကာ ဦးခွန်ဥက္ကာ[/caption]

တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးကြ မယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင် အားလုံးတက်ရောက်နိုင်ဖို့ ဖိတ်ကြားထား တယ်လို့လည်း ပြောပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှုမှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီလည်း ပါဝင်ဖို့လိုအပ်ပြီး ဒီဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားထားပေမယ့် တက်မတက် မသိရသေးဘူးလို့ ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ဖို့အတွက်ဆိုရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့လိုပြီး အပစ်အခတ်မရပ်စဲနိုင်ရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်နိုင်မှာမဟုတ်ဘူးလို့လည်း ဦးခွန်ဥက္ကာက ရှင်းပြပါတယ်။

မေလ ၁ ရက်နေ့ သမ္မတရဲ့ မိန့်ခွန်းမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖောင်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်သားအဖွဲ့အစည်းဆိုင်ရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ဆွေးနွေးရရှိခဲ့တဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို အခြေခံပြီး မကြာမီကာလမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပြီး တိုင်းရင်းသားတွေကို ကတိပြုထားတဲ့အတိုင်း လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်တော့မယ်လို့ ပြောဆိုထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013