DVB Logo
Home
မြန်မာသတင်း
ကျောင်းရွာအခြေစိုက် ခလရ-၅၈၃ တိုက်ခိုက်ခံရ၊ ရေး-သံဖြူဇရပ်လမ်းတွင် ယာဥ်မတော်တဆမှု ကြောင့် ၂ ဦး သေဆုံး 
DVB
·
May 27, 2023
ကျောင်းရွာအခြေစိုက် ခလရ-၅၈၃ တိုက်ခိုက်ခံရ၊ ရေး-သံဖြူဇရပ်လမ်းတွင် ယာဥ်မတော်တဆမှု ကြောင့် ၂ ဦး သေဆုံး 
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာစံပြကျေးရွာနဲ့ ကံလှကျေးရွာနားက ခလရ- ၅၈၃ ကို  မေ ၂၆ ရက် ညနေ ၆ နာရီလောက်က ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တာဝန်ရှိသူတွေက ပြောပါတယ်။

တပ်စခန်းနေရာတွေကို ၁၀၇ မမ လျော့တိုက်ဒုံးတွေအပါအဝင် ဒရုန်းတွေနဲ့ ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ပြောပါတယ်။

ဒေသခံတယောက်က “စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ ပစ်နေတာ အသံပဲ ကြားတာ။ ဘယ်ကနေ ဘယ်ကို ပစ်နေတာလဲတော့ မသိရဘူး။ လက်နက်ကြီး လက်နက်ငယ် အသံပါ ကြားရတယ်။ ညဘက်ဆို လေယာဥ်သံက ည၁၀ နာရီနောက်ပိုင်း အမြဲကြားရတယ်”လို့ ပြောပါတယ်။

ခလရ- ၅၈၃ နဲ့ ခလရ- ၅၉၁ တပ်ဘက်က PDF  စိုးမိုးထားရာ ကုန်းမြေကို ၆၀မမ/၈၁မမ စိန်ပြောင်းတွေ၊   ဒရုန်းတွေနဲ့ ပစ်ချတိုက်ခိုက်ခဲ့ပေမဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခလရ-၅၈၃ တိုက်ခိုက်ခံရမှုမှာ အဆောက်အအုံ တချို့ ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

သံဖြူဇရပ် - ရေး လမ်းမကြီး နှင်းစုံကျေးရွာအလွန်တံတားမှာ မေ ၂၇ ရက် မနက် ၁၀ နာရီ ၁၅ မိနစ် က  Hijet ကားတစီး အရှိန်လွန်ပြီး တံတားဘောင်အားတိုက်မိတာကြောင့် မိသားစုဝင် ၂ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးသမားတဦးက “ကားက ကံပေါက်ဘက်ခြံကနေ ကျိုက္ခမီဘက်ကျေးရွာကို အပြန်လမ်းမှာ အရှိန်းပြင်းပြီး ကားဘီး ပေါက်ရာက လမ်းတံတားဘက်ကို မတော်တဆ တိုက်မိသွားတယ်။ အသက် ၁၂ နှစ်အရွယ် ယောက်ျာလေး တဦးပဲ ဒဏ်ရာအနည်းငယ်ရရှိသွားပေမဲ့ သူ့ရဲ့ အဘိုးနဲ့အဘွားက ပွဲချင်းပြီး သေဆုံးခဲ့တယ်” လို့  ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးကို လမိုင်းပရဟိတလူငယ်များအဖွဲ့နဲ့ ဆေးတောင်မြေ လူမှုကယ်ဆယ်ရေးအသင်းတို့မှ လမိုင်းဆေးရုံရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင် တွေနဲ့လည်း အဆက်သွယ်တွေရ ရှိထားပြီးလို့ ဆိုပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမမှာ ယာဥ်တိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး အများဆုံးက ယာဥ် မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ဖြစ်ရတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013