DVB Logo
Home
မြန်မာသတင်း
ကလေးဝဗျူဟာလမ်း ရက်အကန့်အသတ်မရှိပိတ်၊ ဆားလင်းကြီးရဲစခန်း ပစ်ခတ်ခံရ၊ ရွှေဘို စစ်ရှောင်ကလေးများကို Solar power station များ လှူဒါန်း
DVB
·
May 27, 2023
ကလေးဝဗျူဟာလမ်း ရက်အကန့်အသတ်မရှိပိတ်၊ ဆားလင်းကြီးရဲစခန်း ပစ်ခတ်ခံရ၊ ရွှေဘို စစ်ရှောင်ကလေးများကို Solar power station များ လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ကနေ ချင်းတွင်းအထက်ပိုင်းကို ဆက်သွယ်ထားတဲ့ ဗျူဟာလမ်းကို မေလ ၂၇ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့  ကလေးဝ PDF အဖွဲ့က ဒီနေ့  ထုတ်ပြန်ပါတယ်။ 

ကလေးခရိုင် အမှတ်-၉ တပ်ရင်း(ကလေးဝ)သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တဦးက "မဟာမြိုင်ကားလမ်းမကြီးကနေ ခွဲထွက်သွားတဲ့ အထက်ချင်းတွင်းမြို့တွေကို ဆက်သွယ်တဲ့လမ်းပါ။ ကလေးဝ၊ ပျဉ်းကိုင်း၊ ကံထူးမ၊ တန့်ဆည်၊ ရေဦး၊ မုံရွာ-မဟာမြိုင်ကားလမ်းမကြီးရဲ့ ကလေးဝမြို့နယ် နယ်မိတ်ကနေ သွားရတာ ဗျူဟာလမ်းပါ။ တိုက်ပွဲက ကလေးဝမြို့နယ်နဲ့ မော်လိုက်မြို့နယ် အစပ်နားပေါ့။ ထော်သာရွာစခန်းနဲ့ အနီးအနားက တောင်အင်း၊ သာနန်းတောရွာတွေနားမှာ ၁၂ ရက်က စပြီး တိုက်ပွဲဖြစ်နေတာပါ။ အဲဒီအတွက်ကြောင့် ကားလမ်းပိတ်တာ"လို့ ဆိုပါတယ်။ 

နောက်ထပ်သတိပေးထုတ်ပြန်ချက် တစုံတရာ မထုတ်မချင်း လိုက်နာကြဖို့နဲ့ မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကို တာဝန်မယူဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခင်ရိုင်၊ ဆားလင်းကြီးမြို့မရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့က မေ ၂၆ ရက် ည ၁၁ နာရီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေ က ပြောပါတယ်။

သခင်ဒေါင်ညိုအဖွဲ့ခေါင်း‌ဆောင်က “လက်လုပ်ရှေ့ထွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာပါ။ အသေအပြောက် အထိခိုက်ကတော့ မသိရသေးဘူး။ သူတို့က စခန်းအတွင်း ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားတယ်။စစ်တပ်က အကျဆုံးကို စုံစမ်းနေတယ်။ ကိုယ်ဘက်ကတော့ အကျဆုံး မရှိခဲ့ဘူး။ တိုက်ပွဲကတော့ ည ၁၂ နာရီကျော်မှာ ပြီးသွားတယ်”လို့  ဆိုပါတယ်။

စစ်တပ်က ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်တိုက်ခိုက် နေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းရှိ စစ်ရှောင်ကလေး ၃၀ အတွက်  မေ ၂၆ ရက်​က  S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က Solar power station တွေ မဲဖောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ 

အခုလက်ရှိအချိန်ထိ စစ်ရှောင်ကလေးတွေကို solar power station အလုံးအရေအတွက် ၈၂ လုံး တပ်ဆင်ပေးနိုင်ခဲ့ပြီး တပ်ဆင်ပေးဖို့ များစွာကျန်ရှိနေတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ တိုက်ပွဲတွေကြောင့်  စာသင်ကျောင်းများ ဖျက်ဆီးခံထားရတဲ့ အပြင် ကလေးတွေကို solar power station တွေကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အလှည့်ကျစနစ်နဲ့ မဲဖောက် လှူဒါန်းပေးတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013