DVB Logo
Home
မြန်မာသတင်း
မမှန်မကန်တင်ပို့သည့် ရေထွက်ကုန်ကုမ္ပဏီကို အရေးယူရန်လိုအပ်
DVB
·
July 3, 2014
မမှန်မကန်တင်ပို့သည့် ရေထွက်ကုန်ကုမ္ပဏီကို အရေးယူရန်လိုအပ်
Donate to DVB

မမှန်မကန်နည်းလမ်းနဲ့ အီးယူဈေးကွက်ဆီ တင်ပို့ခဲ့တဲ့ မြန်မာ့ရေထွက်ပို့ကုန်ကုမ္ပဏီကို အမည်ပျက် စာရင်းသွင်းဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက တိုက်တွန်းလိုက်ပါတယ်။

fish“ဂန္ဒီဝင်း“ မြန်မာ့ရေထွက်ပို့ ကုန်ကုမ္ပဏီက အီးယူဈေးကွက်ဆီ အေးခဲ ငါးအချို့ကို တင်ပို့ခဲ့ရာ ကွန်တိန်နာတလုံးမှာ ဗလချောင်ကြော်တွေ ပါသွားတဲ့အတွက် ဒါဟာ နိုင်ငံတော်နဲ့ အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် မမှန်မကန်နည်းလမ်းနဲ့တင်ပို့ခဲ့တဲ့ ကုမ္ပဏီကို ထိထိရောက်ရောက်အရေးယူဖို့လိုတဲ့ အကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလိုဖြစ်ခဲ့တဲ့လုပ်ရပ်ကြောင့် မြန်မာနဲ့အရောင်းအ၀ယ်လုပ်နေတဲ့ တဖက် ကုန်သည်တွေရဲ့ အမြင်မှာ အကျည်းတန်စေတဲ့အတွက် ဒါဟာ မြန်မာ့ရေထွက်ပို့ကုန်လုပ်ငန်းအပေါ် ထိခိုက်မှု ရှိတယ်လို့ ဆိုပါတယ်။

အီးယူဈေးကွက်ဆီ မြန်မာ့ရေထွက်ကုန်တင်ပို့မှုအခြေအနေက အနည်းအကျဉ်းသာ ရှိတာပါ။ ဒါကလည်း မြန်မာနိုင်ငံမှာ ငွေကြေးအရင်းနှီးနဲ့ နည်းပညာလိုအပ်ချက်တွေကြောင့် အီးယူဈေးကွက်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးဘူးလို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က မြန်မာ့ရေထွက်ကုန်တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅၂ သန်းရရှိခဲ့ပေမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရရှိခဲ့လို့ ရေထွက်ကုန်တင်ပို့မှုက လျော့ကျမှုရှိနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013