DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း  သက်ငယ်မုဒိမ်းမှု ၁,၀၀၀ ကျော်ဖြစ်
DVB
·
May 26, 2023
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း  သက်ငယ်မုဒိမ်းမှု ၁,၀၀၀ ကျော်ဖြစ်
Donate to DVB

စစ်ကောင်စီတပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ၂ နှစ်တာကာလအတွင်း ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မုဒိမ်းမှု ၂,၀၀၀ နီးပါး ဖြစ်ခဲ့ရာ ၁,၀၀၀ ကျော်က သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ၁၈၂၉ မှုဖြစ်ခဲ့ရာ အရွယ်ရောက်ပြီးသူ မုဒိမ်းမှု ၅၃၀ မှုရှိပြီး အရွယ်မရောက်သေးသူ မုဒိမ်းမှု  ၁၂၉၉ မှု ရှိတယ်လို့ ဌာနနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဒါက ၂ နှစ်တွက်ထားတာပေါ့။ တနှစ်ကို သက်ငယ်မုဒိမ်းမှုက ခြောက်ရာကျော်မှာရှိတယ်၊ ဒါတောင် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမပါဘူး။" 

၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မုဒိမ်းမှု ၈၆၀ ကြိမ်ဖြစ်ခဲ့ရာ အရွယ်ရောက်ပြီးသူ မုဒိမ်းပြုကျင့်ခံရမှု ၂၃၃ မှုရှိပြီး သက်ငယ်မုဒိမ်းမှုက ၆၂၇ မှုရှိပါတယ်။

အလားတူ ၂ဝ၂၁ ခုမှာလည်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ မုဒိမ်းမှု ၉၆၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၆၇၂ မှုမှာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးက "စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ မတည်ငြိမ်တဲ့နယ်မြေတွေက မုဒိမ်းမှုတွေကျတော့ စစ်ကောင်စီတပ်နဲ့ရဲတွေ ပါဝင်နေတာကို တွေ့ရတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့ ဘဝကူရာမဲ့နေတယ်" လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုအချို့မှာ ပြစ်မှုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်မှ အရာရှိအချို့နဲ့ ရဲ တပ်သားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013