DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
July 2, 2014
မန္တလေးမြို့တွင် ရုန်းရင်းဆန်ခတ်ဖြစ်
1 / 7
Donate to DVB

အဓမ္မပြုကျင့်မှုဆိုင်ရာ စွပ်စွဲချက်ကောလာဟလတခုကို အခြေပြုပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ လူစုလူဝေးဖြစ်ပြီး တဖက်နဲ့တဖက် ခဲနဲ့ပစ်ပေါက်တိုက်ခိုက်ကြတာမှာ ထိခိုက်ပျက်စီးဒဏ်ရာရမှု ရှိခဲ့ပါတယ်။

[caption id="attachment_59561" align="alignright" width="300"]10489683_727063897332113_3428379207425053083_n ဓာတ်ပုံ - ဇော်ဇော်[/caption]

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဒီဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက် ဖို့ ပြည်သူလူထုနဲ့ အစိုးရကို ရည်ညွှန်းပြီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့် လက်ဖက်ရည်ဆိုင်အနီး ဇူလိုင် ၁ ရက်နေ့ ညပိုင်းက လူစုလူဝေးဖြစ်ပေါ်ပြီး ဇူလိုင် ၂ ရက်နေ့ မနက် သုံးနာရီခန့်မှာ လူစုကွဲခဲ့တယ်လို့ နယ်မြေခံ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

10480161_727063880665448_4866253412522170264_nအမျိုးသားနှစ်ဦးက အမျိုးသမီးတဦးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲရေးသား ချက် ပေါ်မူတည်ပြီး စွပ်စွဲခံရသူကို ထုတ်ပေးဖို့ လူအုပ်ထဲ က တောင်းဆိုရာက တဖက်နဲ့တဖက် အစုအဝေးနဲ့ ခဲနဲ့ပစ်ပေါက်ကြ တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

10416576_727063843998785_8039757665792973660_nဒီဖြစ်စဉ်အစဟာ မုဒိမ်းမှုနဲ့ စွပ်စွဲခံရသူ နှစ်ဦးကို ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီလောက် သွားရောက်ရှာဖွေရာမှာ မတွေ့ရှိပုံ၊ စွပ်စွဲခံထားရသူ တဦးဖြစ်တဲ့ ကိုနေ၀င်းဖွင့်ထားတဲ့ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို ဇူလိုင် ၁ ရက်နေ့ မနက် ၉ နာရီလောက်မှာ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ သွာမယ်လို့ သတင်းအရ စောင့်ကြည့်ရာမှာ ဆိုင်ပိတ်ထားတဲ့အတွက် ဖွင့်ပေးဖို့ ပြောရာက လူစုလူဝေးဖြစ်လာပြီး လူစုကွဲသွားခဲ့တယ်လို့ ရှင်းပါတယ်။

ဒီနောက် ဇူလိုင် ၁ ရက်နေ့ ည ဆယ်နာရီခွဲခန့်မှာ ဆိုင်ကယ်သုံးစီးနဲ့ လူငယ် ၆ ဦးက ကမ္ဘာမကြေသီချင်းဆိုခဲ့သလို လူငယ် အယောက် ၂၀ လောက်ကလည်း သီဆိုလျှောက်လှမ်းတာကို ရဲက ထိန်းသိမ်းဆောင်ရွက်ခဲ့ရတယ်လို့ ဒုရဲမှူးကြီးက ဆိုပါတယ်။

10377014_727063760665460_2443248250845509020_nည ၁၁ နာရီမှာတော့ လူအင်အား ၃၀၀ လာက်နဲ့ သံဃာအင်အား ၃၀ တို့က အုတ်ခဲကျိုးတွေ၊ ပုလင်းခွံတွေ ကိုင်ဆောင်ပြီး လမ်းဘေးဝင်းထရံတွေကို ပစ်ပေါက်တဲ့အတွက် ရာဘာကျည် သုံးချက်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း။ ၁၁ နာရီခွဲကျော်မှာတော့ လူအင်အား ၂၀၀ ကျော်က မွတ်စလင်နေအိမ်တွေကို ခဲနဲ့ ပေါက်ပြီး ကားသုံးစီးကို မှန်ရိုက်ခွဲခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီနေ့မနက် ၂ နာရီမှာတော့ သံဃာအပါး ၄၀ နဲ့ လူပေါင်း ၄၅၀ လောက်ဟာ တုတ်ဓားတွေ ကိုင်ဆောင် အော်ဟစ်ဆူပူနေကြတဲ့အတွက် ဖြေလျော့ဆောင်ရွက်ပေးခဲ့လို့ လူစုကွဲသွားကြောင်း ဒုရဲမှူးက ရှင်းပြပါတယ်။

10363496_727063807332122_6079590262595466044_nရဲရဲ့အစီရင်ခံစာမှာ ဒဏ်ရာရသူလေးငါးဦး ကို ဖော်ပြထားရာမှာ ထိခိုက်သူတွေရဲ့ အမည်ဘေးမှာ မလိုအပ်ပါဘဲ ကိုးကွယ်ရာ ဘာသာတွေကိုပါ ထည့်သွင်းရေး သားခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ဖမ်းဆီးအရေးယူဆောင်ရွက်မှု ရှိမရှိတော့ မဖော်ပြထားပါဘူး။

အခင်းဖြစ်စဉ်တလျှောက်လုံး ရှိနေတဲ့ နယ်မြေခံ ဒီဗွီဘီသတင်းထောက်ကတော့ ဒီအခင်းဖြစ်မှုဟာ အစ္စလာမ်ဘာသာဝင် အမျိုးသားက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ စွပ်စွဲရေးသားချက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပါ ဖော်ပြချက်ကနေ လူတွေ စုရုံးလာရာက နှစ်ဘက် အပြန်အလှန် ခဲနဲ့ ပစ်ပေါက်ခဲ့ကြတာလို့ ဆိုပါတယ်။

10492051_727063750665461_4046381300952713156_nရဲမှတ်တမ်းရှင်းလင်း ချက်မှာ အမှုဖွင့်ရှာဖွေခံရတဲ့ သူနှစ်ဦးဟာ တိမ်းရှောင်နေပြီး သူတို့ရဲ့ဖခင်က ဒီကနေ့ မနက် ၁၁ နာရီလောက်က ဂျွန်းဗလီမှာ ရှင်းလင်းပွဲလုပ်ခဲ့ပြီး ဒီအဓမ္မပြုကျင့်မှု မကျူးလွန်ကြောင်း ပယ်ချခဲ့တယ်လို့ တက်ရောက်သီတင်းရယူတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဇူလိုင် ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြည်သူလူထုအနေနဲ့ ယခင်ကြုံတွေ့ဖူးတဲ့ ပဋိပက္ခတွေရဲ့ ဖြစ်စဉ်တွေကို အခြေခံပြီး သတိကြီးကြီးထားဖို့ တိုက်တွန်းထားသလို နောင်မှာလည်း ဒီလိုကောလာဟလ သတင်းမှားတွေပေါ်ပေါက်ပြီး အများပြည်သူတွေကို မလိုလားအပ်တဲ့ လှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်မယ်လို့ ယုံကြည်ရတဲ့အကြောင်း ရေးထားပါတယ်။

10518661_727063770665459_3965417471589587945_nအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက “ကျနော်တို့ ဒီအရေးကိစ္စတွေမှာ အလျင်အမြန်အရေး ယူဆောင်ရွက်ဖို့ရယ်၊ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ဖို့ရယ်။ ကျနော်တို့ အခုဖြစ်သွားတဲ့ မန္တလေးဖြစ်ရပ်ဟာ တခုဖြစ်ပြီးရင် ဆက်တိုက်ဖြစ်တတ်တယ်။ ကျနော်တို့ ဒါကို စိုးရိမ်လို့ သတိပေးတဲ့အနေနဲ့ ထုတ်တာပါ။ ကျနော်တို့ ပြောချင်တာက အေးအေးချမ်းချမ်း ရှိနေတဲ့နေရာမှာ ဆူဆူပူပူ ကောလာဟလတွေနဲ့ လုပ်ကြံမှုတွေဖြစ်နေတယ်။ ဒါကို သတိကင်းကင်းထားဖို့နဲ့ မဖြစ်အောင် ကာကွယ်ဖို့အတွက် ထုတ်တာပါ” လို့ ပြောပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ပဋိပက္ခတွေ ပေါ်ပေါက်လာရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒီကနေ့မှာတေ့ မန္တလေးမြို့ပေါ်မှာ လုံခြုံရေး ရဲအင်အားတွေ ရှိနေပေမယ့် လူတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပြီး ဈေးဆိုင်တချို့လည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ် သြ၀ါဒဆရာတော်က ယင်းကိစ္စအရပ်ရပ်က ဒေသခံဌာနဆိုင်ရာ တာဝန်ရှိအစိုးရအာဏာပိုင်တွေရဲ့ ပွင့်လင်းမြင်သာ ထိရောက်စွာ အရေးယူဆောင်ရွက်ရာမှာ အားနည်းမူကြောင့် ဖြစ်တယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013