DVB Logo
Home
မြန်မာသတင်း
နေပြည်တော် သိမ်းဆည်းလယ်မြေများ ပြန်ရရေး လွှတ်တော်တွင် တောင်းဆိုမည်
DVB
·
July 2, 2014
နေပြည်တော် သိမ်းဆည်းလယ်မြေများ ပြန်ရရေး လွှတ်တော်တွင် တောင်းဆိုမည်
Donate to DVB

နေပြည်တော်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရဖို့အတွက် လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာ စာတင်တောင်းဆိုသွားဖို့ ရှိနေပါတယ်။

၂၀၁၀ခုနှစ်မှာ နေပြည်တော်ကောင်စီက ဒက္ခိဏသီရိမြို့နယ် နဲ့ ဇဗ္ဗူသီရိမြို့နယ်တွေမှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေပြန်ရရေးအတွက် ဒီရက်ပိုင်း လွှတ်တော်မှာ စာတင်ပြတောင်းဆိုဖို့ ရှိနေတာပါ။

Nay Pyi Land confiscation copyဒက္ခိဏသီရိမြို့နယ် ထဲမှာ ကျောက်မျက်ပြခန်းဆောက် လုပ်ဖို့အတွက် လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရပြီး အသုံးမပြုဘဲ ပိုနေတဲ့ လယ်ဧက ၁၀၀ ကျော် ပြန်လည်ရရှိဖို့ ဒီရက်ပိုင်း ပြည်ထောင်စုလွှတ်တော် ဗဟိုကော်မရှင်ကို စာတင်သွားမယ်လို့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။

သိမ်းဆည်းခံလယ်ယာမြေတွေပြန်ရဖို့ တောင်သူတွေအနေနဲ့ နေပြည်တော်တခွင်မှာ ထွန်တုံးတိုက်ပွဲဆင်နွဲဖို့အတွက် ဆိုင်းပြင်းနေကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မေတ္တာရပ်ခံထားတယ်လို့လည်း ဦးနိုင်ငံလင်းက ဆိုပါတယ်။

မနှစ်ကလည်း နေပြည်တော် လယ်ဝေးမြို့နယ်မှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၅၀၀ ပြန်ရရေးအတွက် ဒေသခံလယ်သမားတွေ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ မကြာခဏဆိုသလို သိမ်းဆည်းခံ လယ်ယာတွေ ပြန်ရရေးအတွက် ဒေသခံ လယ်သမားတွေက သိမ်းဆည်းခံ လယ်ယာမြေတွေထဲမှာ အတင်း ၀င်ရောက် ထွန်ယက်စိုက်ပျိုးမှုတွေရှိနေပြီး အစိုးရက ဖမ်းဆီး အရေးယူ ထောင်ချမူတွေလည်း ရှိနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013