Home
မြန်မာသတင်း
အင်းဒင်စစ်ဆေးရေးဂိတ်၌ စီးကရက်ဖာများတင်လာသည့် ကား ၂ စီးကို စစ်တပ်က ဖမ်းဆီး
DVB
·
May 26, 2023
349003011_1000756220920856_4869817031619453043_n

ရခိုင်ပြည်နယ်၊အငူမော်-မောင်တောကားလမ်းပေါ်ရှိ အင်းဒင်ကျေးရွာစစ်ဆေးရေးဂိတ်မှာ မေလ  ၂၄ ရက်နေ့မွန်းတည့်က မေယုသဇင်အမြန်ကား ၂ စီး၊ စီးကရက်ဖာ ၅၀ ကျော်နဲ့ ကား ဒရိုင်ဘာ ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ခရီသည်တွေက ပြောပါတယ်။

"ကား ၂ စီးမှာ တရားမဝင်သယ်ဆောင်လာတဲ့ စီးကရက်ဖာ ၅၀ ကျော်တွေ့လို့ဆိုပြီး ကား  ၂ စီးနဲ့ ကားဒရိုင် ၂ ဦးကို ဖမ်းဆီးလိုက်ကြတာ။ ကျမတို့ ခရီးသည်တွေကိုတော့ နေယုသဇင်အမြန်ကား က တာဝန်ရှိသူတွေက နောက်ကားတွေနဲ့ မောင်တောကို သယ်ဆောင်ပေးခဲ့ကြပါတယ်" လို့ ခရီးသည်တဦးက ပြောပါတယ်။

အဆိုပါ မေယုသဇင်အမြန်ယာဥ်ကား ၂ စီးဟာ ခရီးသည်တွေ တင်ဆောင်ပြီး စစ်တွေမှ မောင်တောကို မေ ၂၄ ရက်နေ့က သွားရောက်စဥ် တရားမဝင်ဆီကရက်ဖာတွေ  ကားခေါင်မိုးနဲ့ နောက်ခန်းမှာ တင်ဆောင်လာတာကြောင့် အခုလိုဖမ်းဆီးခံလိုက်ရတာပါ။

"တရားဥပဒေအရဆိုရင် ဒီစီးကရက်ဖာတွေကို အင်းဒင်စခန်းမှာ ဖမ်းဆီးပိုင်ခွင့်မရှိဘူးဗျ။ မောင်တောကနေ တဖက်ဘင်္ဂလာကိုပို့တဲ့အချိန်မှာ ဖမ်းဆီးရမှာ၊ အဲ့ဒါတွေကျတော့ နယ်ခြားစောင့်တွေက ငွေယူပြီး လွှတ်ပေးထားတာ။ နယ်ခြားစောင့်တွေ သူဌေးတွေဖြစ်ကုန်ပြီ" လို့ မောင်တော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက စီးကရက်သွင်းကုန်ခွန် မြင့်တင်ထားတာကြောင့် မြန်မာနိုင်ငံကနေ စီးကရက်ဖာတွေကို တရားမဝင်လမ်းကြောင်းတွေကနေ တင်ပို့နေကြတာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို သွင်းကုန်/ထုတ်ကုန်ပုဒ်မနဲ့ အင်းဒင်နယ်မြေစခန်းမှာ အမှု ဖွင့်လှစ်ထားပြီး မောင်တောမြို့နယ်တရားရုံက ချုပ်ရမှန်ရယူထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မတ် ၂၃ ရက် မနက် ၁၀ နာရီလောက်ကလည်း ဘူးသီးတောင်မြို့ ငမြင်းဘော်(ခမီး)ကျေးရွာမှာ ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ စီးကရက်ဖာတွေနဲ့အတူ လူ ၉ ဦးအား ဘူးသီးတောင်​နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024