DVB Logo
Home
Lead Story
ဒီဇယ်ဆီ လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းနှင့် ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း ပြည်ပက သွင်းနေရ
DVB
·
July 2, 2014
ဒီဇယ်ဆီ လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းနှင့် ဓာတ်ဆီ ၆၀ ရာခိုင်နှုန်း ပြည်ပက သွင်းနေရ
Donate to DVB

ဒီဇယ်ဆီ အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ်လုပ်မှုဟာ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကိုပဲ ဖြည့်ဆည်းပေးနိုင်တဲ့အကြောင်း စွမ်းအင် ဒုဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

DSCF9575 copyဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ဒီဇယ်ဆီ လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးနဲ့ ဓာတ်ဆီ လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်း ပြည်ပက တင်သွင်းပေးနေ ရကြောင်း ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် ဂွမြို့နယ် အမတ် ဦးကြည်သာက လောင်စာဆီလိုအပ်ချက်နဲ့ ပြည်တွင်းက ဖြည့်တင်းနိုင်မှု နည်းပါးနေတာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ မေးတာကို ဒုဝန်ကြီးက ခုလို ဖြေခဲ့တာပါ။

ဒုဝန်ကြီးက ပြီးခဲ့တဲ့နှစ်မှာ ဓာတ်ဆီ ဂါလန် သန်း ၁၀၀ နီးပါးနဲ့ ဒီဇယ် ဂါလန် ၃၃ သန်း ပြည်ပ ကနေ သွင်းခဲ့ရတဲ့အကြောင်း၊ နောက်ပိုင်း အစိုးရအနေနဲ့ အနာဂတ်စွမ်းအင် လုံခြုံရေး မူဝါဒ ၅ ချက် ချမှတ်ပြီး ပြည်တွင်းကနေ ထုတ်လုပ်မှု မြှင့်တင်နိုင်အောင် ဆောင်ရွက်သွားမယ့် အကြောင်း ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013