DVB Logo
Home
မြန်မာသတင်း
အလုံမြို့နယ် သခင်မြပန်းခြံအတွင်း ဗုံးပေါက်ကွဲပြီး လက်လုပ်ဗုံး ၂ လုံး တွေ့ရှိ
DVB
·
May 25, 2023
အလုံမြို့နယ် သခင်မြပန်းခြံအတွင်း ဗုံးပေါက်ကွဲပြီး လက်လုပ်ဗုံး ၂ လုံး တွေ့ရှိ
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်းနဲ့ အောင်ရတနာလမ်းထောင့်ရှိ သခင်မြပန်းခြံအတွင်းမှာ မေ ၂၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲသံ ၂ ခါကြားရပြီး စစ်ကောင်စီဘက်က ပန်းခြံအတွင်း လက်လုပ်ဗုံး ၂ လုံး ထပ်မံရှာတွေ့ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက် ၁၁ နာရီလောက်က ပန်းခြံအတွင်း ရေတမာပင်နဲ့ မြက်ခင်းပေါ်ရှိ အနက်ရောင် ကြွပ်ကြွပ်အိတ်ကနေ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက စစ်ကား ၂ စီးနဲ့ ရဲကား ၁ စီး ကြိုတင်ရောက်ရှိနေတာပါ။

စစ်ကောင်စီက ပန်းခြံ အမှိုက်ပုံးဘေးရှိ ကြွပ်ကြွပ်အိတ်ထဲက PVC ပိုက်တပ် အဝေးထိန်းဗုံး ၁ လုံးနဲ့ လျှပ်စစ်ကား EV အားသွင်းစက်အနီးရှိ ပန်းခြုံထဲမှာ လက်လုပ်ဗုံး ၁ လုံး စုစု‌ပေါင်း မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး ၂ လုံးကို ရှာတွေ့ခဲ့ပြီး ဖြုတ်ယူသွားတယ်လို့ သိရပါတယ်။

အလုံမြို့ခံတဦးက “ပထမဆုံးပေါက်တဲ့ဗုံးက စစ်တပ်ရောက်ပြီးမှ ပေါက်တာ။ အကုန်လုံးကို ထွက်ခိုင်းထားပြီး လိုက်ရှာကြတော့ အားသွင်းစက်နားက တလုံးတွေ့တယ်။ နေ့ခင်း ၁ နာရီခွဲကျော်လောက်မှ ပန်းခြံပြန်ဖွင့်ပေးတယ်။ ဒဏ်ရာရတာမျိုးတော့ မတွေ့မိဘူး” လို့ ပြောပါတယ်။

မေ ၂၄ ရက် မနက်ပိုင်းကလည်း ဒေါပုံမြို့နယ်ရှိ ခရိုင်ဥပဒေရုံးရှေ့မှာ ဖရဲသီးထဲမြှုပ်ထားတဲ့ လက်လုပ်ဗုံး ၁ လုံးနဲ့ ခြံစည်းရိုးအနားရှိ ဗုံး ၁ လုံးကို စစ်ကောင်စီဘက်က တွေ့ရှိ သိမ်းဆည်းသွားပါတယ်။

အလုံမြို့နယ်၊ သခင်မြပန်းခြံ၊ သန့်စင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသား ၁ ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013