DVB Logo
Home
မြန်မာသတင်း
အောက်မြန်မာပြည်တွင် ရေဖုံးလွမ်းမည့် အလားအလာရှိဟုဆို
DVB
·
July 2, 2014
အောက်မြန်မာပြည်တွင် ရေဖုံးလွမ်းမည့် အလားအလာရှိဟုဆို
Donate to DVB

မိုးရာသီကာလအတွင်း အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလားအလာတွေ ရှိနေတယ်လို့ မိုးလေ၀သပညာရှင်က ခန့်မှန်းထားပါတယ်။

[caption id="attachment_16891" align="alignright" width="269"]ဦး​ထွန်းလွင် ဦး​ထွန်းလွင်[/caption]

မိုးကောင်းတဲ့ နှစ်မ ဟုတ်ပေမယ့် လည်း မြစ်ကြောင်း ရေဝေ ရေ လဲတလျှောက် နေ့စဉ် ရက်ဆက် နည်းနည်းချင်းရွာသွန်းနေတဲ့ မိုးဟာ မြစ်အောက်ပိုင်းမှာ လာရောက်စုနေတဲ့ အတွက် ရေ အမြင့်တွေ မြင့် တက်လာတာလို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေဟာ ရေဖုံးလွမ်းမယ့် အလားအလာရှိနေသလို လက်ရှိအနေနဲ့ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုက ပုံမှန်ထက် ၄၅၊ ၅၀ ရာခိုင်နှုန်း လောက် ပိုမယ်လို့  အမေရိကန်က ခန့်မှန်းချက်ထုတ်ပြန်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့ရဲ့ အနောက်တောင်ဘက် ၆၂ ကီလို အကွာမှာ အမြင့်ဆုံး တိုင်းလို့ရတဲ့ ရေအနက်ဟာ ၂၀ လက်မ (၁ ပေ ၈ လက်မ) ရှိနေပြီဖြစ်တယ်လို့လည်း သူရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာ မိုးရာသီအချိန်ရောက်တိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးက မြေနိမ်ပိုင်း၊ မြေနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေဟာ ရေဖုံးတဲ့ ဒဏ်ကို ခံစားနေရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013