DVB Logo
Home
မြန်မာသတင်း
ဒုဋ္ဌဝတီမြစ်အတွင်း ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 25, 2023
ဒုဋ္ဌဝတီမြစ်အတွင်း ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေး၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာရှိ ဒုဋ္ဌဝတီမြစ်အတွင်းမှာ မေလ ၂၄ ရက် ညနေပိုင်းက ကျောင်းသားတယောက်  ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးသွားတာကို ကူညီကယ်ဆယ်ခဲ့တယ်လို့ မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အဲ့ဒီညနေ ၃ နာရီခန့်က အသက် ၁၉ နှစ်အရွယ် လူငယ်တဦးနဲ့ သူငယ်ချင်းဖြစ်သူတို့ ရေချိုးဆိပ်မှာ ရေဆင်းကူးရင်း လူငယ်အမျိုးသားက မြစ်ထဲ ရေနစ်သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားဟာ မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်တယ်လို့ သိရပြီး ရွာခံတွေက ကယ်ဆယ်ရေးအသင်းကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

“ညနေ ၃ နာရီခွဲလောက်မှာ သတင်းဝင်တာပါ၊ ရေဆိပ်တခုမှာ ကျောင်းသားတဦး ရေဆင်းကူးရင်းနဲ့ ပျောက်ဆုံးသွားတယ်လို့ ဖုန်းဆက်တာ၊ ပထမနှစ် ကျောင်းသားပါ၊ အသက်က ၁၉နှစ်၊ ရေငုပ်ပြီး ၁ နာရီ ၉ မိနစ်လောက် အကြာမှာ တွေ့ပါတယ်၊ ဒီနှစ်အတွင်း ဒုဋ္ဌဝတီမြစ် ရေနစ်ကယ်ဆယ်မှု ၇ ကြိမ် ရှိပါပြီ” လို့ လူမှုကယ်ဆယ်ရေးအသင်း (မန္တလေးတိုင်း)က ဆိုပါတယ်။

ရေချိုးဆိပ်နဲ့ တအုံရွာ မြစ်တလျှောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက တနာရီကျော်ကြာ ရေငုပ်ရှာဖွေခဲ့ကြပြီး ညနေ ၅ နာရီ မိနစ် ၄၀ ခန့်မှာ မြစ်ကြမ်းပြင်အောက်ကနေ ရုပ်အလောင်း ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူကို စဉ့်ကိုင်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ၂၀၂၃ ဇန်နဝါရီလကနေ မေလ ၂၄ ရက်အထိ ဒုဋ္ဌဝတီမြစ်အတွင်း ရေနစ်ကယ်ဆယ်မှု ၇ ကြိမ်နဲ့ သေဆုံးသူ ၁၂ ဦးခန့် ရှိပြီလို့ မန္တလေးတိုင်းကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013