DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ် ATM စက်များမှ တရက်လျှင် ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်
DVB
·
May 24, 2023
ကမ္ဘောဇဘဏ် ATM စက်များမှ တရက်လျှင် ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်
Donate to DVB

ကမ္ဘောဇဘဏ် ATM စက်တွေက ထုတ်ယူနိုင်မယ့် ငွေသားပမာဏကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒီကနေ့ အသိပေး ကြေညာပါတယ်။

အဆိုပါဘဏ်အနေနဲ့ အရင်က ATM ငွေထုတ်စက်တွေကနေ တပတ်ကို အများဆုံး ကျပ် ၃ သိန်းလောက်သာ ငွေသားထုတ်ယူခွင့် ပြုထားခဲ့ရာက မေ ၂၃ ရက်ကစပြီး တရက်ကို အများဆုံး ကျပ် ၁၀ သိန်း၊ တပတ်ကို အများဆုံး ကျပ် သိန်း ၂၀ အထိ ငွေသားထုတ်ယူခွင့် တိုးမြှင့်ပေးလိုက်တာပါ။

ဒါပေမဲ့ ဘဏ်အသုံးပြုသူတွေအနေနဲ့ ငွေသားထုတ်ယူရာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ သတ်မှတ်ထားတဲ့ KBZ ATM ငွေထုတ်စက်တွေမှာသာ ငွေသားထုတ်ယူခွင့်ရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်သူတဦးက “အခုလောလောဆယ်တော့ ATM စက် တော်တော်များများက ငွေထုတ်မရသေးပါဘူး။ အရင်လိုမျိုး ကြိုက်တဲ့နေရာမှာ သွားထုတ်လို့ရတဲ့ အခြေအနေ မဟုတ်ဘူးပေါ့။ ရတဲ့ ATM စက်ကို ရှာပြီး ထုတ်ရမှာဆိုတော့ အလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဘဏ်လုပ်ငန်းတွေ ကမောက်ကမဖြစ်ခဲ့ပြီး အခုအချိန်ထိ ပြည်သူလုထုဟာ ဘဏ်တွေမှာ မိမိအပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ်ခွင့်မရဘဲ ဘဏ်ကသတ်မှတ်ပေးတဲ့ ပမာဏကိုသာ ထုတ်ယူခွင့်ရနေတာ ဖြစ်ပါတယ်။

အလားတူ စီးပွားရေးလုပ်ငန်းတွေ ငွေလွှဲ ငွေချေ၊ ငွေထုတ်ယူမှုတွေ လုပ်ဆောင်ရာမှာလည်း လက်ရှိအချိန်အထိ အဆင်ပြေချောမွေ့မှု မရရှိသေးဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ဘဏ်တွေက ဘဏ်အသုံးပြုသူတွေကို ငွေသားလိုသလောက် ထုတ်မပေးနိုင်တဲ့အတွက် ဘဏ်အကောင့်ထဲက ငွေကို ကော်မရှင်ခ ရာခိုင်နှုန်းအလိုက်ပေးပြီး ငွေသားနဲ့လဲလှယ်တဲ့ ဈေးကွက်ဟာ အရင်က တွယ်တွယ်ကျယ်ကျယ် ဖြစ်ပေါ်ခဲ့သလို လက်ရှိအချိန်ထိလည်း အဆိုပါဈေးကွက် ကျန်ရှိနေပါသေးတယ်။ လတ်တလော အဲဒီဈေးကွက်မှာ ရာခိုင်နှုန်းအနေနဲ့ ၁ ရာခိုင်နှုန်းအောက်မှာပဲ အလဲအလှယ် ရှိနေတယ်လို့ သိရပါတယ်။

မေ ၂၃ ရက်ကစပြီး Personal အကောင့်တွေဖြစ်တဲ့ Ordinary Saving Account (Individual and Joint) (Saving Minor Account နဲ့ Bonus Saver Account အပါအဝင်)၊ Ordinary Current Account (Individual and Joint) နဲ့ Ordinary Call Account (Individual and Joint) တွေကနေ ငွေသားထုတ်ယူလိုပါက တပတ်ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်မယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။

သတ်မှတ်ထားတဲ့ငွေပမာဏထက်ပိုပြီး ထုတ်ယူလိုပါက ဘဏ်ခွဲမှာ မေတ္တာရပ်ခံပြီး ဘဏ်ခွဲကတဆင့် သက်ဆိုင်ရာဌာနကို တင်ပြဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

Personal အကောင့်မှ ငွေသားထုတ်ယူလိုပါက သတ်မှတ်ထားတဲ့ ငွေပမာဏ သိန်း ၁၀၀ ကို CIF Number အပေါ် အခြေခံတွက်ချက်မှာ ဖြစ်တဲ့အတွက် ထုတ်ယူလိုသူအနေနဲ့ CIF Number တူတဲ့ Saving အကောင့်မှ သိန်း ၁၀၀ ထုတ်ယူပြီးပါက ကျန် CIF Number တူတဲ့ အကောင့်တွေကနေ ထပ်မံထုတ်ယူနိုင်မှာ မဟုတ်ပါဘူး။

ငွေထုတ်ယူလိုသူအနေနဲ့ CIF Number တူတဲ့ Saving အကောင့်မှ သိန်း ၅၀ ထုတ်ယူပြီးပါက ကျန် CIF Number တူတဲ့ အကောင့်တွေကနေ သိန်း ၅၀ ပဲ ထပ်မံထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013