DVB Logo
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်းဒေသ ရထားလမ်းစီမံကိန်း ပြန်စရန် ပြင်ဆင်
DVB
·
July 2, 2014
မြောက်ဦးရှေးဟောင်းဒေသ ရထားလမ်းစီမံကိန်း ပြန်စရန် ပြင်ဆင်
Donate to DVB

ဒေသခံပြည်သူတွေက ကန့်ကွက်လို့ ရပ်နားထားရတဲ့ စစ်တွေ - ကျောက်တော် - မြောက်ဦး ရထားလမ်းပိုင်း ဆောက်လုပ်မှုစီမံကိန်းကို ပြန်လည်စတင်ဖို့ ဌာနဆိုင်ရာက စီစဉ်နေပြီး ပြည်သူတွေကလည်း ထပ်မံ ကန့်ကွက်နေကြပါတယ်။

[caption id="attachment_59516" align="alignright" width="300"]ဓာတ်ပုံ - မြောက်ဦးမြို့နယ်အသင်း (စင်္ကာပူ) ဓာတ်ပုံ - မြောက်ဦးမြို့နယ်အသင်း (စင်္ကာပူ)[/caption]

စီမံကိန်း ပြန်လည် စတင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိ သူတွေက မြို့မိမြို့ဖတွေကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း က ခေါ်ယူညှိနှိုင်း ခဲ့ပေမယ့် သဘောထား မတိုက်ဆိုင်သေး ဘူးလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့ သူ မြောက်ဦးမြို့ နယ် ရှေးဟောင်း ယဉ်ကျေးမူ ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမောင်သာအောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ချပြတဲ့မြေပုံက မရှင်းမလင်းနဲ့မို့ ပြည်သူတွေက အတည်မပြုနိုင်ဘူး။ မှန်ကန်တယ် ဆိုရင် ကောင်းတယ်။ မမှန်ကန်ရင် သမိုင်းတရားခံ ဖြစ်သွားမယ်။ သူတို့ ဆောင်ရွက်တဲ့အတိုင်း သွားမယ်ဆိုရင် ထပ်ပြီး ထိခိုက်မယ်၊ အရမ်း ခွင့်ပြုလို့ မရဘူး၊ ၂၉ ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ပြန်ဆုံကြတယ်၊ ပြန်ဆုံပြီးတော့ အဆင်မပြေဘူး၊ လောလောဆယ်တော့ အတည်မပြုနိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ချပြထားတဲ့ နေရာကိုလည်း သူတို့က မကြိုက်သလို ဘာလိုလို ဖြစ်နေတယ်။”

သူအပါအ၀င် အခြားရပ်မိရပ်ဖနဲ့ ရှေးဟောင်းသုတေသနအဖွဲ့ဝင် စုစုပေါင်း ၂၀ ကျော်ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စီမံကိန်းဆိုင်ရာ ကိုယ်စားလှယ်တွေက ဇွန် ၂၆ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ခေါ်ယူပြီး မြေပုံတွေနဲ့ ချပြညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ ရပ်မိရပ်ဖတွေကြားမှာလည်း ဇွန် ၂၇ နဲ့ ၂၈ ရက်နေ့တွေက စီမံကိန်းဘက်က တင်ပြတဲ့ လမ်းကြောင်းသစ် ၂ ခုကို ကွင်းဆင်းကြည့်ရှုပြီး ပြန်လည်ဆွေးနွေးတာမှာ ရှေးဟောင်းအမွေအနှစ်နဲ့ မကင်းလွတ်သေးပါကြောင်း၊ ဝေသာလီကျောက်လှေခါး၊ ဘုရား ပုထိုးတချို့နဲ့ သမိုင်းဝင် လင့်စင် ရွှေစင်းခင်၊ ငွေစင်းခင်တွေပါ ပါဝင်မယ့် အခြေအနေရှိကြောင်း၊ ဘုရားနဲ့ ကင်းလွတ်တဲ့နေရာတောင်မှ မြေတူးစက်တွေကြောင့် မြေသားတုန်ခါပြီး လာမယ့် ၁၀ နှစ်ကျော်ကာလ ကိုးသောင်းဘုရားပုထိုး ပြိုကျမယ့်အရေးလည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေဘက်က မြောက်ဦးမြို့ အနောက်ဘက်လမ်းကြောင်းကနေ ဖောက်လုပ်ဖို့ အဆိုပြုထားတာ ရှိပေမယ့် အရှေ့ဘက်ခြမ်းကိုမှ ရွေးပြီး ဆောင်ရွက်ချင်တဲ့အပေါ် နားမလည်နိုင်ဘူးလို့ ဦးမောင်သာအောင်က ဆိုပါတယ်။

သူတို့ တင်ပြတဲ့အပေါ်မှာ တာဝန်ရှိသူတွေကလည်း ထပ်မံသုတေသနပြုသွားမယ်လို့ ဆိုပါတယ်။

ရထားပို့ဆောင်ရေးဝန်ကြီူးဌာနက တာဝန်ယူဖောက်လုပ်မယ့် စစ်တွေ-မြောက်ဦးလမ်းဟာ ၉၆ မိုင်ကျော် ရှည်လျားပြီး ၂၀၀၉ ခုနှစ် ကတည်းက စတင်ဖောက်လုပ်ခဲ့ပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ယနေ့တိုင် မပြီးပြတ်နိုင်ဘဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013