DVB Logo
Home
မြန်မာသတင်း
မူဆယ်ဆန်ကုန်သည်များ သိုလောင်ရုံ မလုံလောက်မှုနှင့် တွေ့ကြုံနေ
DVB
·
July 1, 2014
မူဆယ်ဆန်ကုန်သည်များ သိုလောင်ရုံ မလုံလောက်မှုနှင့် တွေ့ကြုံနေ
Donate to DVB

ပြည်ပ ဆန်စီးဆင်းရာ အဓိကထွက်ပေါက်ကြီးတခုဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းမှာ နေ့စဉ်ဝင်ရောက် လာတဲ့ကုန်စည်ကို ထားရှိဖို့အတွက် သိုလောင်ရုံမလုံမလောက်မှုပြဿ  နာနဲ့ တွေ့ကြုံနေရတယ်လို့ ဆန်စပါးကုန်စည်ဒိုင်က ပြောပါတယ်။

RICEမြန်မာ-တရုတ် နှစ်နိုင်ငံ နယ် စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်စခန်း မှာ နေ့စဉ်ဆန်စီးဆင်းမှုက ၁ ရက်ကို လက်ရှိ ဆန်တန်ချိန် ၃၀၀၀ နီးပါး ၀င်ရောက်နေလို့ ဆန်တွေကို ထားရှိဖို့ သိုလှောင်ရုံ မလုံလောက်မှု ပြဿ  နာကို ကုန်သည်တွေ ရင်ဆိုင်နေရတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူ.း ဦးချမ်းသာဦးက ဒီဗွီဘီကို ပြောပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆန်သိုလှောင်ရုံမလုံလောက်မှုပြဿ  နာ အပါအ၀င် ကုန်စည်ဒိုင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းတရပ် ချမှတ်ထားပြီးဖြစ်ပေမယ့် လက်တွေ့မှာ အကောင်အထည်မပေါ်သေးလို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီပြဿ    နာတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံမှာ commodity warehouse တွေ ဖြစ်ပေါ်လာဖို့ လိုအပ်ပြီး ဒီ့အတွက် အစိုးရအနေနဲ့ အကောင်အထည်ဖော်သွားဖို့ အစီအစဉ်ရှိတဲ့အကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို မြန်မာ့ဆန်တင်ပို့မှုက တန်ချိန် ၁ သန်းကျော်ရှိခဲ့တဲ့အနက် မူဆယ်နယ်စပ်စခန်းကတဆင့် တင်ပို့မှုက တန်ချိန် ၇ သိန်းကျော်ရှိလို့ စုစုပေါင်းပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

မူဆယ်နယ်စပ်စခန်းမှာ လက်ရှိ မြန်မာ့ဧည့်မထ တန်းမြင့် ၅ မတ်ဆန်က ၁ တန်ကို တရုတ်ငွေ ယွမ် ၃၀၄၀ ရှိပြီး ၂၅ မတ်ဆန်က တရုတ်ငွေ ယွမ် ၂၅၄၀ နဲ့ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013