DVB Logo
Home
မြန်မာသတင်း
ယူနတီ ဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်း
DVB
·
July 1, 2014
ယူနတီ ဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်း
Donate to DVB

ဓာတုလက်နက်စက်ရုံကိစ္စ ဖော်ပြခဲ့လို့ တရားစွဲဆိုမှုတွေ ရင်ဆိုင်နေရတဲ့ ရန်ကုန် အခြေစိုက် အပတ်စဉ်ထုတ် ယူနတီဂျာနယ်ထုတ်ဝေမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Unity copyပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ် အတွဲ ၂၅ ဟာ နောက်ဆုံး ထုတ်ဝေခဲ့တာလို့ ဂျာနယ် အယ်ဒီတာတွေ က ပြောပါတယ်။

ငွေကြေးအခြေ အနေကြောင့် ရပ်ဆိုင်း လိုက်တဲ့အကြောင်းကို ဇွန် ၂၉ ရက်နေ့က အစည်းအဝေးခေါ်ယူပြီး ရုံးအဖွဲ့မှူးက ကြေညာခဲ့တယ်လို့ အယ်ဒီတာအဖွဲ့ဝင် ဒေါ်ကလျာက ပြောပါတယ်။

“ကျမတို့ ရုံးအဖွဲ့သားတွေကိုတော့ ငွေရေးကြေးရေးကြောင့်ပေါ့နော်၊ ရုံးချိန်းသွားရတာတွေလည်း ပင်ပန်းတယ်၊ နောက်ပြီး ငွေမနိုင်တော့လို့ နားတဲ့အကြောင်း ၀န်ထမ်းတွေကို ပြောပါတယ်။ ”

ဝန်ထမ်းတွေ၊ သတင်းထောက်တွေရဲ့လစာနဲ့ စာမှုခတွေကို လကုန်ပြီး ၁၀ ရက်မှာ ရှင်းပေးသွားမှာ ဖြစ်သလို အမှု ရင်ဆိုင်နေရတဲ့ နောက်ပိုင်းမှာ ယူနတီဂျာနယ်ဟာ ဈေးကွက်အတွင်းမှာ ရောင်းအား ပိုကောင်းလာတယ်လို့ ကြားမိတဲ့အကြောင်းလည်း သူက ပြောပါတယ်။ ဂျာနယ် ရုတ်တရက် ရပ်ဆိုင်းတဲ့အတွက် သတင်းထောက်တွေရဲ့ အလုပ်အကိုင် မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

ယူနတီဂျာနယ်မှာ လျှိဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး သတင်းဖော်ပြခဲ့တဲ့ အတွက် ဦးတင့်ဆန်း၊ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အစိုးရက တရားလိုလုပ်ပြီး တရားစွဲဆိုထားပါတယ်။

တရား စွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို ဇူလိုင် ၁၀ ရက်နေ့ စီရင်ချက် ချမှတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013