DVB Logo
Home
မြန်မာသတင်း
ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းမည်
DVB
·
July 1, 2014
ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းမည်
Donate to DVB

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿ      နိုး   စတဲ့ ရှေးဟောင်းမြို့သုံးမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်  ဇွန်လ ၂၂ ရက်နေ့က သတ်မှတ်ခဲ့သလို မြန်မာယာဉ်ကျေးမူအမွေအနှစ်တွေရှိတဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ယဉ်ကျေးမူဝန်ကြီးဌာနက ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

baganပုဂံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖို့အတွက် ယူနက်စကိုအဖွဲ့က လာရောက်စစ်ဆေးခဲ့ပေ မယ့် ပုဂံရှေးဟောင်းဘုရား တချို့မှာ ထီးတော်တင်ထားတဲ့ အတွက် ငြင်းပယ်ခြင်းခံခဲ့ရပြီး စာရင်းဝင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမူဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းဆွေ က ဒီဗွီဘီကို ပြောပါတယ်။

သမိုင်းသုတေသီတဦးဖြစ်တဲ့ စာရေးဆရာ ကိုရွှေအောင်သင်းကတော့ ယခင်အစိုးရ လက်ထက်မှာ ပုဂံဘုရားတွေကို စနစ်မကျပဲ ပြုပြင်ခဲ့တဲ့အတွက် မူလလက်ရာပျက်ခဲ့ပြီး ယူနက်စကို စာရင်းဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ ပုဂံဟာ  မြန်မာနိုင်ငံရဲ့ ပထမဆုံး ဧကရာဇ်နိုင်ငံဖြစ်ခဲ့ပြီး အနော်ရထာ ကျန်စစ်သား၊ အလောင်းစည်သူမင်းတွေ  နန်းစိုက်ရာနေရာလည်း ဖြစ်ပါတယ်။ အေဒီ ၁၀ ရာစုကနေ ၁၄ ရာစုအတွင်း တည်ဆောက်ခဲ့တဲ့ ပုဂံမြို့ဟာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းမှာ တည်ရှိပြီး စေတီပုထိုး ဘုရားကျောင်းကန် အဆောက်အဦပေါင်း သုံးထောင်ကျော်ရှိပါတယ်။

ပုဂံမှာရှိတဲ့ အာနန္ဒာ၊ သဗ္ဗညု၊ ရွှေစည်းခုံ၊ ဗူးဘုရား  စတဲ့ စေတီပုထိုးတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေအပြင် ပြည်တွင်းခရီးသည်တွေ အဓိကသွားရောက်ရာနေရာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက  မြန်မာယာဉ်ကျေးမူအမွေအနှစ်ပုဂံမှာ  ၁၉၉၈ မှ ၂ဝဝ၂ ခုနှစ်အတွင်း ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ရေး စံနှုန်းတွေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ လက်ရှိခေတ်သုံး အုတ်ချပ်နဲ့ ဘိလပ်မြေတွေအသုံးပြုပြီး  အကြီးအကျယ် မွမ်းမံပြင်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူက ပုဂံဒေသကို ယူနက်စကိုရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ ပြင်ဆင်ပြီးရင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ပေးဖို့ ပြန်တင်ပြသွားဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013