DVB Logo
Home
မြန်မာသတင်း
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲမှု ပြည်သူများ ဆန္ဒပြ
DVB
·
July 1, 2014
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲမှု ပြည်သူများ ဆန္ဒပြ
Donate to DVB

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲလိုက်တဲ့ အပေါ် ဧရာဝတီတိုင်းဒေသကြီး ပြည်သူတွေက ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက ပြည်သူ ၂၀၀ ကျော်က ပုသိမ်မြို့ကို လာရောက်ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကို ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

U San sit 2 copyဆန္ဒပြရာမှာ ပါဝင်တဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက “ကျနော်တို့ ပြည်သူပြည် သားတွေ အနေနဲ့ ဦးဆန်းဆင့်အပေါ် စွဲဆိုထား တဲ့ နိုင်ငံတော် အစိုးရအနေနဲ့ ခိုင်မာတဲ့ ပြစ်ချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘူး။ မရှိဘဲနဲ့ ယခင်အစိုးရ ခေတ်အဆက်ဆက်က ပုံစံမျိုး ဖမ်းချင်သလိုဖမ်းတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုအဆင့်ရော အောက်ခြေအဆင့်မှာရော ၀န်ထမ်းတွေ အကျင့်ပျက်လာဘ်စားနေတာ ကြားနေရတယ်။ ဦးဆန်းဆင့်နဲ့ပတ်သက်လို့ စွပ်စွဲထားတဲ့ ငွေကြေးပမာဏဟာ အောက်ခြေမှာဆိုရင် ရီစရာဖြစ်နေတယ်။ သူသုံးစွဲခဲ့တဲ့  ကာလငွေကြေးတန်ဖိုးနဲ့ သူသုံးတဲ့နေရာအနေအထား၊ သူသုံးတဲ့ ပစ္စည်းတွေကို ပြန်ကြည့်ရင် စက်သုံးဆီ၊ ဌာနပိုင် မော်တော်ကားတို့ ယူသုံးတာမျိုးတွေ။ သူသုံးခဲ့တဲ့ ပမာဏကိုကြည့်ရင် သူ့အိမ်အတွက်လုပ်တာမဟုတ်ဘဲ ဘုရားတည်တဲ့ ကိစ္စဖြစ်နေတယ်။ ဒါကြောင့် သူတို့ရဲ့ စွပ်စွဲချက်ဟာ ခိုင်မာတဲ့ စွပ်စွဲချက်မဟုတ်ဘူး” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးထဲက ပုသိမ်၊ ရေကြည်၊ ငွေဆောင်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ငပုတောနဲ့ ပန်းတနော်မြို့နယ်က ပြည်သူတွေပါဝင်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုကို မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ပုသိမ်မြို့ထဲ လမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။

ဦးဆန်းဆင့်ဟာ ပြည်ထောင့်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် နယ်ကပါဝင်ယှဉ်ပြိုင်ရင်း အနိုင်ရလာတာဖြစ်ပါတယ်။

ဦးဆန်းဆင့် အမှန်တကယ်ပြစ်မှုကျူးလွန်တယ်ဆိုရင် ပွင့်လင်းမြင်သာစွာ ပြည်သူတွေ သိအောင် လုပ်ပေးပါလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ငပုတောမြို့နယ် ကညင်ငူကျေးရွာသူ မအေးအေးခိုင်က ပြောပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ပါသည်။ တာဝန်ပေးအပ်ခဲ့မှုကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်နဲ့ ပန်တနော်မြို့က ပြည်သူ ထောင်နဲ့ချီ လောက်က ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတခု ပြုလုပ်ခဲ့ပါတယ်။

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကို ဌာနပိုင်ငွေကျပ် သိန်း ၁၀၀ ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ရမည်သင်း အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ ကျန်မိသားစုဝင်တွေကိုတော့ နေအိမ်အကျယ်ချုပ်ချထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် လက်မှတ်ထိုးပြီး ဦးဆန်းဆင့်ကို ၀န်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013