DVB Logo
Home
Lead Story
မြန်မာ-ရုရှား အထူးစစ်ဆင်ရေးတပ်များ ပူးတွဲစစ်ရေးလေ့ကျင့် (ဓာတ်ပုံ)
DVB
·
July 15, 2026
မြန်မာ-ရုရှား အထူးစစ်ဆင်ရေးတပ်များ ပူးတွဲစစ်ရေးလေ့ကျင့် (ဓာတ်ပုံ)
1 / 5
Photo: MOD-Russia
Donate to DVB

ရုရှားစစ်တပ်က မြန်မာစစ်အာဏာရှင်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ (Special Operations Forces) ကို လေ့ကျင့် သင်ကြားပေးနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရုရှားစစ်တပ်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ စစ်အာဏာရှင်ရဲ့တပ်တို့ နေပြည်တော်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ အတူစစ်ရေးလေ့ကျင့်နေကြတာဖြစ်ပြီး ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ ၁၂ ရက်ကြာ ပြုလုပ်မှာလို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ပြည့်စုံလင်းနဲ့ စစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အခမ်းအနားမှာ ရုရှားစစ်တပ်ဘက်က စစ်လက်နက်ပစ္စည်းတွေ ခင်းကျင်းပြသခဲ့တာအပြင် မောင်းသူမဲ့ ဒရုန်းနဲ့ စစ်မြေပြင်သုံး အလတ်စား မောင်းသူမဲ့ တိုက်ခိုက်ရေးယာဉ်တွေကိုလည်း စမ်းသပ်မောင်းနှင်ပြတာကို တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တို့ အကြားမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတွေ့လာရပြီး ရုရှားဘက်က နည်းပညာအကူအညီတွေကိုလည်း စစ်တပ်က ရရှိနေပါတယ်။

ဒီနှစ်အစပိုင်းမှာလည်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေကြား ၅ နှစ်တာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၆-၂၀၃၀) ကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။

Photo: MOD-Russia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013