DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံ၊ ၁၀ တန်းမအောင်သူများကို ကျောင်းဆက်တက်ခွင့် ပြုမည်မဟုတ် 
DVB
·
May 23, 2023
အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံ၊ ၁၀ တန်းမအောင်သူများကို ကျောင်းဆက်တက်ခွင့် ပြုမည်မဟုတ် 
Donate to DVB

နိုင်ငံတဝန်းရှိ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ ၂၀၂၃ - ၂၄ ပညာသင်နှစ်အတွက်  ကျောင်းအပ်လက်ခံတာတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

အခုနှစ်မှာ အခြေခံပညာကျောင်းအပ်လက်ခံမှုကို အရင်နှစ်တွေကထက် ပိုမိုစောလျင်စွာ လက်ခံနေတာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ လက်ခံမှာလည်း ဖြစ်ပါတယ်။

ကျောင်းအပ်တဲ့ မူလတန်းကျောင်းသားကျောင်းသူတွေကို ကျောင်းဝတ်စုံအပြင် ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ စတာတွေကို အခမဲ့ပေးအပ်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ယခင်စာသင်နှစ်ကထက်က ကျောင်းသားကျောင်းသူ ပိုမိုတက်ရောက် နိုင်ဖို့ ရည်မှန်းထားပြီး အတန်းကူးပြောင်းတာတွေမြင့်မားဖို့အတွက်လည်း မိဘနဲ့ ဆရာတွေပူးပေါင်း ဆောင်ရွက်ပါလို့လည်း ညွှန်ကြားထားပါတယ်။

ယခင်ပညာသင်နှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၃ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်မဖြေဆိုသူတွေနဲ့ ကျရှုံးသူတွေအနေနဲ့ကတော့  လာမယ့် ပညာသင်နှစ်တွေမှာ ကျောင်းတက်ရောက်ခွင့်မရှိတော့ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနက သိရပါတယ်။

အခုနှစ်မှာ နောက်ဆုံးကျင်းပပေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုမရှိတဲ့ ကျောင်းသားကျောင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုလိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းဆက်တက်ခွင့်ရတော့မှာမဟုတ်ဘဲ တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့အတွက် Grade  12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မှသာ ရမယ်လို့ စစ်ကောင်စီပညာရေးဌာနက အရာရှိတဦးကပြောပါတယ်။

ကျောင်းတက်ရောက်ခွင့်မရပေမဲ့ Grade  12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် ပြင်ပသင်တန်းတွေကတဆင့် လေ့လာသင်ယူနိုင်ပြီး စာမေးပွဲဖြေဆိုဖို့ လျှောက်လွှာခေါ်ယူချိန်မှာ ဝင်ရောက် လျှောက်ထားနိုင်ကာ စာမေးပွဲအောင်မြင်ရင်တော့ တက္ကသိုလ်တွေကို ဆက်လက် တက်ရောက်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ကျရှုံးခဲ့သူတွေနဲ့ မဖြေလိုက်ရသူတွေအနေနဲ့ Grade  12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ပြည့်စုံရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့  ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်းဆိုပါတယ်။

KG+ Grade 12 ပညာရေးစနစ်ကို  အန်အယ်လ်ဒီ အစိုးရ လက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၃-၂၄ ပညာသင်နှစ်မှသာ အတန်းအားလုံးက ၁၂ တန်းအထိ တက်ရောက်ရတော့မှာဖြစ်လို့ ကျောင်းသားကျောင်းသူတဦးရဲ့ ပညာသင်နှစ်ဟာ ၁၃ နှစ်အထိ ရှိလာမှာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013