DVB Logo
Home
မြန်မာသတင်း
ရဲသတင်းတပ်ဖွဲ့ သတင်းဌာနများကို စုံစမ်းမေးမြန်းမှု လွှတ်တော်တွင် တင်ပြမည်
DVB
·
July 1, 2014
ရဲသတင်းတပ်ဖွဲ့ သတင်းဌာနများကို စုံစမ်းမေးမြန်းမှု လွှတ်တော်တွင် တင်ပြမည်
Donate to DVB

ရဲသတင်းတပ်ဖွဲ့တွေက ရန်ကုန်မှာရှိတဲ့ သတင်းစာ ဂျာနယ်တွေက အယ်ဒီတာတွေကို ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့တဲ့ ကိစ္စကို စာနယ်ဇင်းကောင်စီယာယီက လွှတ်တော်မှာ တင်ပြ မေးမြန်းသွားဖို့ ရှိနေပါတယ်။

[caption id="attachment_59497" align="alignright" width="300"]ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ၂ ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်း တပ်ဖွဲ့ဝင်များ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်း သတင်း တပ်ဖွဲ့ရုံးတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ – ဧရာဝတီ) ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ၂ ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်း တပ်ဖွဲ့ဝင်များ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်း သတင်း တပ်ဖွဲ့ရုံးတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)[/caption]

ဒီလို ရဲသတင်းတပ်ဖွဲ့က အယ်ဒီတာတွေ ကို ခေါ်ယူမေးမြန်းနေ တဲ့ ကိစ္စတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွင့်ပြုပေးထားသလား ဆိုတာနဲ့ ပတ် သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း မေးမြန်းဖို့ မီဒီယာ သမားတွေရဲ့ လက်မှတ်တွေကို စုဆောင်းနေ တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ ) က ပြောပါတယ်။

ဒီလို မေးမြန်းမှလည်း လွှတ်တော်က ဒီကိစ္စကို ကိုင်တွယ်နိုင်မယ်လို့ ယူဆတဲ့အကြောင်းနဲ့ ဒီဆောင်ရွက်ချက်ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

“မီဒီယာသမားတွေကို သတင်းတပ်ဖွဲ့က ဆင့်ခေါ်ပြီး မေးမြန်းနေတာကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လည်း စိတ်ပူစရာကောင်းတယ်၊ နောက်ပြီးတော့ ခြောက်လှန့်မှုလို၊ ခြိမ်းခြောက်မှုလို သဘောမျိုးတွေ ခံစားနေရတယ်။ တော်တော်တော့ မနှစ်မြို့ဘူး။ ဒါကြောင့် ဒါတွေအားလုံးကို ရပ်တန့်ပြီးတော့ သူ့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်းပဲ ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။”

အရင် သီတင်းပတ်တွေက ရဲသတင်းတပ်ဖွဲ့တွေက ရန်ကုန်အခြေစိုက် နေစဉ်နဲ့ အပတ်စဉ်ထုတ် သတင်း ဂျာနယ်တွေရဲ့ စီးပွားရေး အရှုံးအမြတ်ကိစ္စရပ်တွေကို လိုက်လံ မေးမြန်းခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ အခုလို အလားအလာမကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ပေးဖို့ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို လွတ်ပေးဖို့ အစိုးရရဲ့ စွက်ဖက်မှုမပါဘဲ သတင်းထောက်တွေကို သူတို့ရဲ့ အလုပ်တွေကို လုပ်ခွင့်ပေးဖို့ တောင်းဆိုထားတယ်။

မီဒီယာလွတ်လပ်ခွင့်ဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခံယူချက်ကို တိုင်းတာနိုင်တဲ့ ကိရိယာတခုဖြစ်တဲ့ အတွက် နိုင်ငံတကာအသိုင်းအ၀န်းက ကာကွယ်ပေးဖို့ လိုသလို လက်ရှိမှာတော့ မြန်မာ့ သတင်းလွတ်လပ်ခွင့်ဟာ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ သတ်မှတ်ချက်တွေက ညွှန်ပြနေတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013