DVB Logo
Home
မြန်မာသတင်း
အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်ရအောင် လုပ်မည်ဟု စစ်အာဏာရှင်ပြော
DVB
·
August 6, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရဖို့ အလေးထား လုပ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ဒီကနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ ထိုင်းအစိုးရအိမ်တော်မှာ ကျင်းပတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောကြားသွားတာပါ။

စစ်အာဏာရှင်သမ္မတက စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာတော့ အာဆီယံမှာ ထပ်ပြီး ခွဲခြားဆက်ဆံခံရရင် တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ဒီကနေ့ ထိုင်းနဲ့ ဆွေးနွေးမှုမှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိုင်းနိုင်ငံက ပံ့ပိုးကူညီမဲ့အပေါ် အသိအမှတ်ပြုကြောင်းလည်း ပြောဆိုသွားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လုပ်သွားမှာလို့လည်း ပြောဆိုသွားပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး၊ တရားမဝင် နယ်စပ်ကုန်သွယ်မှု တားဆီးရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း စစ်တပ်လက်အောက်ခံ မီဒီယာတွေမှာ ထုတ်ပြန်လာပါတယ်။

ဒီကနေ့ စစ်အာဏာရှင်ရဲ့ ထိုင်းခရီးစဉ်ကိုတော့ ထိုင်းနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိုင်းရောက် မြန်မာတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013