DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်အရာရှိကို လုပ်ကြံခဲ့သူအချို့ ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
DVB
·
May 21, 2023
ရွေးကောက်ပွဲကော်မရှင်အရာရှိကို လုပ်ကြံခဲ့သူအချို့ ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုညွှန်ချုပ် ၁ ဦးကို သတ်ဖြတ်ခဲ့သူတဲ့ ရန်ကုန်အခြေပြု PDF တချို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Yangon Revolution Force- YRF က တပ်ဖွဲ့ဝင် ၁ဝ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေကို မေ ၁၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပိုင်မီဒီယာတွေက မေ ၂ဝ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံရသူတွေဟာ အမှန်တကယ် ပစ်ခတ်ခဲ့သူ ဟုတ်မဟုတ်ကိုတော့ မသိရသေးပါဘူး။

ရွေးကောက်ပွဲကော်မရှင်  ဒုညွှန်ချုပ် ဦးစိုင်းကျော်သူကို ဧပြီ ၂၂ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်မှာ ကားမောင်းနှင်လာချိန် လူငယ် ၁ ဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ For The Yangon လို့ မြို့ပြပြောက်ကျားအဖွဲ့က အဲဒီနေ့မှာပဲထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့တွေရဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ Yangon UG Association တာဝန်ခံဆရာကျောင်းက "ဖမ်းခံရတယ်တော့ ကြားတာပဲ။ ကျနော်တို့အနေနဲ့ အများကြီး ပြောပိုင်ခွင့် မရှိပါဘူး။ အခုနောက်ပိုင်း မြို့ပြပြောက်ကျား ရဲဘော် တယောက် ဖမ်းဆီးခံရရင် သတင်းမထုတ်ဘူး။  ဒီရဲဘော်ကို ပြန်လွှတ်ပေးတာမျိုး၊ နောက်ကနေ ထိန်းချုပ်လိုက်တာမျိုး ကနေစပြီး ကွင်းဆက်တွေ လိုက်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က သတိကြီးကြီး ထားပြီး မစ်ရှင်တွေ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်"လို့ ဆိုပါတယ်။

For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ ရာထူးရှိ အကြမ်းဖက် ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေသာမက သူတို့နဲ့အတူ ပူးပေါင်းပြီး ပြည်သူလူထုကို ဖိနှိပ်၊ အနိုင်ကျင့်၊ အကြမ်းဖက် နေသူတွေ စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ပံ့ကူညီသူတွေကို ဆက်လက် သုတ်သင်ရှင်း လင်းသွားမယ်လို့လည်း  သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောကြားထားပါတယ်။

ဦးစိုင်းကျော်သူဟာ စစ်တပ်ကနေ ရွေးကောက်ပွဲကော်မရှင်ရုံးကို ၂၀၂၀ ရွေးကောက်ပွဲ ကာလမှာ ညွန့်ကြားရေးမှူးအဖြစ် ပြောင်းလာသူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒုတိယ ညွန့်ကြားရေးမှူးချုပ်အဖြစ် တိုးမြှင့်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှုနဲ့ တရားစွဲဆိုခဲ့သော အမှုမှာ တရားလို ပြသက်သေအဖြစ် ထွက်ဆိုခဲ့ဖူးသူဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

၂ဝ၂၃ နှစ်စပိုင်းက စပြီး စစ်တပ်နဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး UG ရဲဘော်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013