DVB Logo
Home
မြန်မာသတင်း
တရုတ်က မြန်မာလွှတ်တော်အမတ်များကို စီမံကိန်းများနှင့်ပတ်သက်ပြီး အကြံတောင်း
DVB
·
June 30, 2014
တရုတ်က မြန်မာလွှတ်တော်အမတ်များကို စီမံကိန်းများနှင့်ပတ်သက်ပြီး အကြံတောင်း
Donate to DVB

တရုတ်နိုင်ငံက မြန်မာလွှတ်တော်အမတ် ၅ ဦးကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေအပေါ် အကြံပြုချက်တောင်းခဲ့ပါတယ်။

[caption id="attachment_59450" align="alignleft" width="300"]ဦးရဲထွန်း ဦးရဲထွန်း[/caption]

တရုတ်ပြည် နိုင်ငံတကာ ချစ်ကြည်ရေး အသင်းက ခေါ်ယူ မှုနဲ့မြန် မာနိုင်ငံ က လွှတ်တော်အမတ် ၅ ဦး ဇွန်လ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့တာပါ။

ဒီခရီးစဉ် ကို မြန်မာဘက် က ခေါင်းဆောင်အဖြစ် သွားရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်း(သီပေါ) က မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်လုပ်ငန်းရှင် ကုမ္ပဏီတွေအနေနဲ့ ပွင်းလင်းမူရှိဖို့ လိုအပ်ကြောင်းနဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် ပြုလုပ်ဖို့ လိုအပ်ကြောင်း တရုတ်ဘက်က ဖိတ်ခေါ်တဲ့သူတွေကို သတိပေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံက အခုလို မြန်မာပြည်က လွှတ်တော်အမတ်တွေကို ဖိတ်ကြားခဲ့သလို နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကိုလည်း မကြာခဏဖိတ်ခေါ်နေပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို လုပ်ကိုင်နေပြီး ဒေသခံတွေ ဒီနေ့အထိ ကန့်ကွက်နေကြပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံဆည်စီမံကိန်းကိုလည်း ဒေသခံတွေအပါအ၀င် ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ၂၀၁၁ မှာ သမ္မတအမိန့်နဲ့ ရပ်ဆိုင်းထားပြီး အလားတူစီမံကိန်းတွေကိုလည်း ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013