DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် အလုပ်သမား ထောင်နှင့်ချီ မှတ်ပုံတင်
DVB
·
June 30, 2014
မဟာချိုင်တွင် အလုပ်သမား ထောင်နှင့်ချီ မှတ်ပုံတင်
1 / 3
Donate to DVB

ထိုင်းစစ်ကောင်စီအစိုးရက တရားမ၀င်အလုပ်သမားများ မှတ်ပုံတင်ပေးရေး အစီအစဉ်ကို စမွတ်စခွန်ခရိုင် မဟာချိုင်မြို့မှာ ဒီကနေ့ စတင်ဆောင်ရွက်ပေးနေပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ လာရောက်မှတ်ပုံတင်နေကြပါတယ်။

[caption id="attachment_59445" align="alignleft" width="300"]ဓာတ်ပုံ - MW RN ဓာတ်ပုံ - MW RN[/caption]

အိမ်နီးချင်း မြန်မာ ၊ လော နဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက တရားမ၀င်အလုပ် သမားတွေ ကို တရားဝင် အထောက် အထားတွေ ထုတ်ပေးမယ်လို့ ထိုင်းအမျိုး သားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက  ဇွန်လ ၂၅ ရက်နေ့ မှာ ကြေညာပြီးတဲ့နောက် ပထမဦးဆုံး စမွတ်စခွန်ခရိုင် မဟာချိုင်မှာ စတင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

10404223_658669314225373_8455828726113773547_nအလုပ်သမားတွေကို ဒီကနေ့မနက် ၈ နာရီလောက်ကနေစပြီး  မှတ်ပုံတင်ပြုလုပ်ပေးနေ တယ်လို့  အခြေအနေကို  သွားရောက်ကြည့် ရှုခဲ့သူ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“one stop service (တနေရာတည်းအပြီး ၀န်ဆောင်မှုပေးတဲ့စနစ်) လို့ ပြောတဲ့အတိုင်းပဲ ပြီးဆုံးတဲ့အထိ သေချာလုပ်ပေးတာ မြင်တွေ့ရပါတယ်။ အလုပ်သမားတဦးဟာ  သက်ဆိုင်ရာ နံပါတ်အလိုက် အဆင့်ဆင့် ၆ ဆင့်သွားရပြီး ပြီးဆုံးတဲ့အခါ အပန်းရောင်ကတ်ကလေးရလာပါတယ်။ ကျောဘက်မှာက အစိမ်းရောင်ပါ။ တဦးကို ၂ နာရီလောက်ပဲ ကြာပါတယ်။ လုပ်ကိုင်ပုံစနစ်တွေလည်း တအားဖြောင့်ဖြူး မှန်ကန်တာကို ကျနော်တို့တွေ့ရတယ်။”

ဝန်ဆောင်ခက အသက် ၁၈ နှစ်ပြည့်ပြီးသူ အလုပ်သမားတဦးအတွက်  ပုံစံ ၃၈/၁ နေထိုင်ခွင့်လက်မှတ် ဘတ် ၈၀၊ ကျန်းမာရေးဆေးစစ်ခနဲ့ အာမခံခ ဘတ် ၁၀၀၀၊ အလုပ်လုပ်ခွင့်လက်မှတ် ၂၂၅ ဘတ် နဲ့ စုစုပေါင်း ၁၃၀၅ ဘတ် ကုန်ကျပြီး ကလေးတွေအတွက်တော့ အလုပ်လုပ်ခွင့်လက်မှတ်မပါတဲ့အတွက် ၁၀၈၀ ဘတ်ပဲ ကုန်ကျတယ်လို့ သူကဆက်ပြောပါတယ်။

ဒီလက်မှတ်ဟာ ယာယီနေထိုင်ခွင့် ရက်ပေါင်း ၆၀ အတွက်သာဖြစ်ပြီး  နောက်ထပ် နိုင်ငံသားစိစစ်ရေး နဲ့ ယာယီနိုင်ငံကူး လက်မှတ် နဲ့  အလုပ်သမားမှတ်ပုံတင်ကတ်တွေ ထပ်လုပ်ရမှာဖြစ်ပါတယ်။

ဒီကနေ့ မှတ်ပုံလာတင်သူတွေဟာ မြန်မာနိုင်ငံသားအများစုဖြစ်ပြီး ခန့်မှန်းခြေ ၃ ထောင်ကျော်ရှိကြောင်း၊ တာဝန်ရှိသူတွေကို မေးမြန်းချက်အရ တနေ့ကို လူ ၂ ထောင်လုပ်ပေးနိုင်မယ်လို့ သိရပြီး ရက် ၃၀ အတွင်းသာ လုပ်ပေးသွားမယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

 

အခုလို မှတ်ပုံတင်ခွင့်ရတဲ့အတွက် ကြောက်စိတ်တွေ လျော့ပါးသွားပြီလို့ ဒီကနေ့ သွားရောက်မှတ်ပုံတင်ခဲ့သူ  မခင်စိုးခိုင်က သူ့အတွေ့အကြုံကို ခုလိုပြန်ပြောပြပါတယ်။

 

“စိတ်ချမ်းသာသွားတာပေါ့ မပြေးရတော့ဘူးပေါ့/ အရင်ကဆို သွားစရာရှိလည်း မသွားရဲမလာရဲဘူးလေ။ အလုပ်နဲ့အခန်းနဲ့ပဲ။ အခုကျတော့လည်း ဒီကတ်ပြားလေးရပြီဆိုတော့ လွတ်လွတ်လပ်လပ်နေရပြီလို့ ထင်ပါတယ်။”

ဒီမှတ်ပုံတင်ကြေးဟာ အစိုးရအနေနဲ့ သက်သာအောင် လျှော့ပေါ့ထားတယ်ဆိုပေမယ့်လည်း အလုပ်ရှင်မရှိသူတွေမှာတော့ အခြားထိုင်းလူမျိုးတွေကို ငှားရမ်းလုပ်ခိုင်းရတဲ့အတွက် ၃ ထောင်ကျော် ပေါက်ဈေးရှိကြောင်း၊ ဒီမတိုင်ခင်က သူတို့မှာ လက်မှတ်မရှိတော့ အလုပ်ရှင်တွေက တာဝန်မယူရဲကြဘူးလို့ သူကဆက်ပြောပါတယ်။

တရားမ၀င် အလုပ်သမားတွေကို one stop service တနေရာတည်းအပြီး ၀န်ဆောင်မှုပေးတဲ့ စခန်းတွေဖွင့်လှစ်ပြီး ထိုင်းတနိုင်ငံလုံးမှာ  ဆောင်ရွက်ပေးသွားဖို့ အစိုးရက ကြေညာထားတာပါ။

ဒါပေမယ့် ဆောင်ရွက်ပေးမယ့်ကာလတွေက ခရိုင်တခုနဲ့တခု မတူတဲ့အတွက် ကျန်တဲ့ဒေသက အလုပ်သမားတွေကတော့ မိမိနဲ့သက်ဆိုင်တဲ့ ခရိုင် အလုပ်သမားရှာဖွေရေးရုံးက ကြေညာချက်ကို စောင့်ဆိုင်းကြည့်ရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမ၀င်အနေနဲ့ ၀င်ရောက်လုပ်ကိုင်နေသူ မြန်မာပြည်သားပေါင်း ၃ သန်းကျော်ရှိတယ်လို့ မြန်မာအလုပ်သမား ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013