DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ်သတင်းထောက်များကို မီဒီယာဥပဒေဖြင့်သာ အရေးယူရန် လျှောက်လဲ
DVB
·
June 30, 2014
ယူနတီဂျာနယ်သတင်းထောက်များကို မီဒီယာဥပဒေဖြင့်သာ အရေးယူရန် လျှောက်လဲ
Donate to DVB

လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက်တွေရဲ့ အပြီးသတ် လျှောက်လဲချက်ကို ဒီနေ့ ပေးခဲ့ပြီး မီဒီယာ ဥပဒေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ ရှေ့နေတွေက လျှောက်လဲခဲ့ပါတယ်။

Unityဇူလိုင် ၁၀ ရက်နေ့မှာ စွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းအပါအ၀င် သတင်းထောက် ၄ ဦးကို စီရင်ချက် ချမှတ်မှာ ဖြစ်သလို တရားလို ရှေ့နေတွေ က မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေတွေနဲ့ အရေးယူပေးဖို့ လျှောက်လဲခဲ့တယ်လို့ စွဲဆိုခံထားရတဲ့သူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေနဲ့ အရေးယူပြီး စီရင်ချက်ချမှတ်မယ်ဆိုရင်တော့ စွဲဆိုခံထားရတဲ့သူတွေဟာ ငွေဒဏ်ကိုသာ ပေးဆောင်ရမှာ ဖြစ်ပြီး ထောင်ဒဏ်ကနေ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်။

မီဒီယာ ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပြီးဖြစ်ပေမယ့် နည်းဥပဒေကို အတည်ပြုဖို့ လွှတ်တော်က လက်ခံစဉ်းစားခြင်းမပြုသေးတဲ့အတွက် မီဒီယာ ဥပဒေ အသက်ဝင်မ၀င် အငြင်းပွားမှု ပေါ်ပေါက်လာနိုင်တယ်လို့ စာနယ်ဇင်းကောင်စီ ယာယီက ဦးဇော်သက်ထွေးက ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့က နည်းဥပဒေကို စာနယ်ဇင်းကောင်စီယာယီက ရေးဆွဲပေးခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ အတည်ပြုပေးရမှာလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ်မှာ လျှိ့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး သတင်းဖော်ပြခဲ့တဲ့ အတွက်  ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းအပါအ၀င် ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှိုဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒီဥပဒေနဲ့ တရားစွဲဆို ပြစ်ဒဏ်စီရင်ခံရပါက ထောင်ဒဏ် ၁၄ နှစ်နဲ့ အထက် ကျခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013