
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်း ထိန်းသိမ်းစောင့်ရှောက်ရေးရွာမှာ လူဦးရေ ၁၆၀၀ ကျော်နေထိုင်ပြီး အိမ်ထောင်စုတွေအတွင်းက အနာကြီးရောဂါဖြစ်ပွားခဲ့သူ လူဦးရေ ၁၄၀ ဟာ ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ အခက်ခဲရှိလို့ စားဝတ်နေရေး အခက်ခဲကြုံနေကြရပါတယ်။
မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ပြန်လည်ထူထောင်ရေးအတွက် ရွာ ၂ ရွာရှိပြီး အဖွဲ့ ၁၄ စုရှိပါတယ်။ သာမန်လူနေရွာအဖြစ် ပြန်လည် ပြောင်းလဲထားပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနာကြီးရောဂါကင်းရှင်းတဲ့ (လူနာဦးရေ ၁၀၀၀၀ မှာ အနာကြီးရောဂါသည် ၁ ဦး) အဆင့် သတ်မှတ်ခဲ့ပေမယ့် ၁ နှစ်ကို လူနာ ၂၅၀၀ မှ ၃၀၀၀ ကြား ဖြစ်ပွားနေပါတယ်။












