DVB Logo
Home
မြန်မာသတင်း
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ပြည်မြောက်ပိုင်းမှ လက်ရှိပကတိအခြေအနေ (ဓာတ်ပုံ)
DVB
·
May 18, 2023
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ပြည်မြောက်ပိုင်းမှ လက်ရှိပကတိအခြေအနေ (ဓာတ်ပုံ)
1 / 6
Donate to DVB

မေလ ၁၄ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အင်အားအလွန်ပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပကတိအခြေအနေ ဓာတ်ပုံမှတ်တမ်းတွေကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (Arakan CSO Network – ACN) က မျှဝေထားပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည် မြောက်ပိုင်း မြို့တိုင်း၊ ရွာတိုင်း ပျက်စီးဆုံးရှုံးမှု အလွန်များပြား တဲ့အပြင် ACN အဖွဲ့ဝင်တွေ သွားရောက်ခဲ့တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောမြို့နယ်တွေက ကျေးရွာတွေမှာလည်း အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေသန့်အစရှိတဲ့ အရေးပေါ်ပစ္စည်းတွေ လိုအပ်နေသလို ကုန်ဈေးနှုန်းတွေပါ ကြီးမြင့်နေပြီး ကူညီကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မြို့တော်စစ်တွေနဲ့ တခြားမြို့တွေမှာလည်း ဝယ်ယူလို့မရဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရေးအတွက် စက်လှေတွေ၊ ကားတွေ ငှားရမ်းခနှုန်းထားတွေ အ ဆမတန် မြင့်တက်နေပြီး စက်လှေ ၁ စီး ၁ ရက်ငှားရမ်းခငွေကျပ် ၅ သိန်းအထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ကိုယ်တိုင်သွားရောက်ကွင်းဆင်းမှသာ အခြေ အနေတွေကို သိနိုင်မှာ ဖြစ်ပြီးတော့ လတ်တလောမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ အနေနဲ့ အချက်အလက် ကောက်ယူနေဆဲဖြစ်တာမို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မစ တင်နိုင်ကြသေးဘူးလို့လည်း  ACN အဖွဲ့က ပြောပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

NUG အစိုးရ လူသားစာနာ ထောက်ပံ့ကူညီမှုတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေကျပ် သိန်း ၁၃၀၊ ချင်းပြည်နယ်အတွက် သိန်း ၁၀၀ အပါအဝင် ငွေကျပ်သိန်း ၆၄၀ ကျော် သုံးစွဲထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ACN အဖွဲ့ကတော့ မုန်တိုင်းသင့် ရခိုင်မြောက်ပိုင်းဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် အငတ်ဘေးနဲ့ ကျန်းမာရေးထိခိုက်မှုကြောင့် လူအသေအပျောက်များလာနိုင်တယ်လို့ သတိပေးထားပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက် ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး နောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013