DVB Logo
Home
မြန်မာသတင်း
မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီ ပိတ်သိမ်း
DVB
·
May 18, 2023
မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီ ပိတ်သိမ်း
1 / 3
Donate to DVB

မန္တလေးမြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံနဲ့ မြို့တော်ဆေးရုံတို့ကို အာဏာဖီဆန်တဲ့လူထုလုပ်ရှားမှု (CDM)မှာပါဝင်တဲ့ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုပြီး မေ ၁၈ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့က အပြီးတိုင် ပိတ်သိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်းမှာ အထူးကုဆရာဝန်ကြီးတဦးနဲ့ ကျန်းမာရေးဝန်ထမ်း သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မန္တလေးမြို့က CDM ဝန်ထမ်းတွေကို လက်ခံထားပြီး အလုပ်ပေးခဲ့လို့ ဆေးရုံ ၅ ရုံကို ခေတ္တပိတ်သိမ်းခဲ့ပြီး အခု‌‌ဆေးရုံ ၃ ရုံကို အပြီးတိုင် ပိတ်သိမ်းလိုက်တာလို့ CDM ဝန်ထမ်းတွေထံက သိရပါတယ်။

CDM ဆရာဝန်တဦးက “သူတို့ထုတ်ပြန်ချက်မှာတော့ ဆေးရုံသုံးခုကို ပိတ်လိုက်တာ။ တခြား အပိတ်ခံထားရတဲ့ ဆေးရုံတွေလည်း ရှိတယ်။ အခုလိုလုပ်တော့ တကယ်ထိခိုက်တာက ပြည်သူပဲ။ လုပ်ငန်းရှင်ဆိုတာမျိုးက နောက်ထပ်ပိုင်ရှင်က အမည်ပြောင်းလုပ်လိုက် ရနေတာလေ။ အခုက တမင်ခြိမ်းခြောက်ပြီး နောက်ထပ် အလုပ်မပေးရဲ‌အောင် လုပ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ပြီး အခု ဆေးရုံ ၃ ခုကို ကျန်းမာရေးဆိုင်ရာ ဗဟိုအဖွဲ့ ဆုံးဖြတ်ချက်နဲ့ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဒေါက်တာမြတ်ဝဏ္ဏစိုး (ညွှန်ကြားရေးမှူးချုပ်) လက်မှတ်နဲ့ အပြီးတိုင် ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ယာယီပိတ်သိမ်းထားတဲ့ ဆေးရုံ ၅ ရုံအထိရှိပြီး ကျန်ဆေးရုံ ၂ ရုံကိုတော့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013