DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီး ဦးမြင့်စန်း ကွယ်လွန်
DVB
·
May 17, 2023
အန်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီး ဦးမြင့်စန်း ကွယ်လွန်
1 / 2
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်က တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့  ဦးမြင့်စန်း ဒီကနေ့ မေ ၁၇ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်စန်းဟာ စစ်ကောင်စီရဲ့ လိုက်လံရှာဖွေဖမ်းဆီးမှုကို တိမ်းရှောင်ရင်း သရက်ရွက်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ဦးမြင့်စန်းဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီးလွှတ်တော် လောင်းလုံးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်။

ဦးမြင့်စန်းဟာ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတော့ သူ့ရဲနေအိမ်ကို စစ်တပ်က ချိတ်ပိတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်ကလည်း တနင်္သာရီတိုင်း အန်အယ်လ်ဒီပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးအေးနိုင်လည်း တိမ်းရှောင်ရင်းနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013