DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် စစ်အုပ်စု ထိုးစစ်ဆင်ပစ်ခတ်မှုကြောင့် ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
May 16, 2023
ကေအန်ယူနယ်မြေတွင် စစ်အုပ်စု ထိုးစစ်ဆင်ပစ်ခတ်မှုကြောင့် ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီတပ်တွေက ဝင်ရောက်ထိုးစစ်ဆင် ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူ ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲကို ထိုးစစ်ဆင်ပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူတွေ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဖြစ်ကြတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (ခမရ−၁၅)၊ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ တပ် ရင်း (ခလရ−၈၄)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ငူ)လက်အောက်ခံတပ်ရင်း (ခလရ −၇၃) ဇရပ်ကြီး၊ (ခမရ−၅၉၉) မုန်း၊ တပ်မ(၄၄) လက်အောက်ခံတပ်ရင်းနဲ့ KNLA ပူးပေါင်း တပ်တွေဟာ မေ ၁၁ ရက်က စတင်ကာ ရေအိုးစဉ်ကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီတပ်တွေဟာ မေ ၁၃ ရက်မှာတော့ မီးတိုင်တောကျေးရွာထဲကို ဝင် ရောက် လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မေ ၁၄ ရက်မနက်ပိုင်းမှာတော့ ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနီးအနား ကျေးရွာနေပြည်သူတွေဟာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကျောင်းစု(ပေါ်ပီဒဲ) ကျေးရွာထဲမှာ တပ် စွဲထားပြီး ပြည်သူတွေကို ဖမ်းဆီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာ ဒေသခံပြည်သူတွေကတဆင့် သိရပြီး စစ်ရှောင်ပြည်သူတွေအနေနဲ့ မုန်တိုင်းဒဏ်ကြား အ သက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် အခက်အခဲများစွာ ကြုံတွေ့ နေရတယ်လို့လည်း ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ပထမ ၄ လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) တို့ကြား တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ် ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုး အကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူက ပြောထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013