DVB Logo
Home
မြန်မာသတင်း
တောင်ငူ-သံတောင် ၄ မိုင်ဂိတ်တွင် စစ်တပ်က ဒေသခံများ၏ ငွေကြေးများကို အဓမ္မသိမ်းယူနေ
DVB
·
May 16, 2023
တောင်ငူ-သံတောင် ၄ မိုင်ဂိတ်တွင် စစ်တပ်က ဒေသခံများ၏ ငွေကြေးများကို အဓမ္မသိမ်းယူနေ
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူ-သံတောင်လမ်းပိုင်းက ၄ မိုင်ဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ဒေသခံ ပြည်သူတွေမှာ ပါလာတဲ့ ငွေကြေးတွေကို စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မ သိမ်းယူနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်လောက်ကစပြီး အဆိုပါဂိတ်ကနေ ဖြတ်သန်းသွားလာနေတဲ့ ဒေသခံပြည်သူတွေဆီကနေ ပါလာတဲ့ ငွေကြေးတွေကို စစ်ကောင်စီတပ်က စစ်ဘေးရှောင် ထောက်ပံ့ကြေး ရတယ်ဆိုကာ ပါလာသမျှ ငွေကြေးတွေကို သိမ်းယူနေတာဖြစ်တယ်လို့ သံတောင်မြို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“တောင်ငူ-သံတောင် လေးမိုင်ဂိတ်မှာ စစ်တပ်တွေက ပြည်သူဆီ ငွေတောင်းတာမဟုတ်ဘဲ သိမ်းတာ၊ အထူးသဖြင့် တောင်ပေါ်ကလာသူတွေကို စစ်ဘေးရှောင်လို့ ထောက်ပံကြေးရတယ် ဆိုပြီးတော့ ပိုက်ဆံပမာဏ များများပါလာသူတွေဆီက သိမ်းတာ၊ ဒီကိစ္စက ဧပြီ ၂၄ ရက်ကနေစပြီး ဖြစ်တာ။”

ဧပြီလ နောက်ဆုံးအပတ်တုန်းကလည်း အသက် ၅၀ အရွယ် အမျိုးသားတဦးကို ဆိုင်ကယ်လိုင်စင်မပါတဲ့ အကြောင်းပြချက်နဲ့ သံတောင်-တောင်ငူဂိတ်မှာ ဖမ်းဆီးခဲ့ပြီးနောက် အခုအချိန်ထိ ပြန်မလွှတ်သေးဘဲ ဖမ်းဆီးထားကာ ငွေကျပ် သိန်း ၄၀ နဲ့ လာရွေးခိုင်းခဲ့တာကြောင့် မိသာစုဝင်တွေ သွားရွေးခဲ့ပေမဲ့ ပြန်မလွှတ်ပေးခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

“ဆိုင်ကယ်လိုင်စင် မပါလို့ဆိုပြီး လေးမိုင်ဂိတ်မှာ ဖမ်းကြတာပါ။ အသက် ၅၀ လောက်ရှိတဲ့ ဦးလေးတယောက်ကို ဖမ်းတာ၊ အခုအချိန်ထိ မလွတ်သေးဘူး။ ပြီးတော့ သိန်း ၄၀ နဲ့ လာရွေးခိုင်းတယ်။ မိသားစုဝင်တွေ သွားတွေ့ သွားယူတော့လည်း ပြန်မလွှတ်ပေးဘူး။ မလွှတ်ပေးရင် ပိုက်ဆံမပေးနိုင်ဘူးဆိုပြီး ပိုက်ဆံယူပြီး ပြန်လာခဲ့တယ်။”

ဒီနေ့အထိ သံတောင်-တောင်ငူ ၄ မိုင်ဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေထဲက ငွေကြေးအတင်းအဓမ္မ သိမ်းယူခံခဲ့ရသူ အပါအဝင် ဖမ်းဆီးခံရသူ ၁၇ ဦးအထိ ရှိနေပြီး ဖမ်းဆီးခံရသူ ၃ ဦးမှာလည်း ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတော့ သံတောင်-တောင်ငူ ၄ မိုင်ဂိတ်၊ ၇ မိုင်ဂိတ်တွေမှာ ဖြတ်သန်းသွားလာသူတွေကို အရင်က မေးမြန်စစ်ဆေးတာတွေသာ လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ငွေတွေသိမ်းယူတာတွေအပြင် ဖမ်းဆီးတာတွေပါ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013