DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ပို့ကုန်ပဲ တန်ချိန် ၂၀,၀၀၀ ခန့် တရုတ်ဘက်ခြမ်းနယ်စပ် ဂိုဒေါင်တွင် ချိတ်ပိတ်ခံရ
DVB
·
May 16, 2023
မြန်မာ့ ပို့ကုန်ပဲ တန်ချိန် ၂၀,၀၀၀ ခန့် တရုတ်ဘက်ခြမ်းနယ်စပ် ဂိုဒေါင်တွင် ချိတ်ပိတ်ခံရ
Donate to DVB

တရုတ်-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ကျင်းစန်းကျော့ - မန့်မိုင် ကနေ တရုတ်ဘက် တင်ပို့နေတဲ့ ပဲတီစိမ်း အပါအဝင် မြန်မာ့ ပို့ကုန်ပဲတွေ တန်ချိန် ၂၀,၀၀၀ တရုတ်ဘက်ခြမ်း နယ်စပ် ဂိုဒေါင်မှာ ချိတ်ပိတ်ခံရလို့ နစ်နာဆုံးရှုံးနေတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

နယ်စပ် တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းကနေတင်ပို့ နေကျအတိုင်း တင်ပို့ထားတာ ဖြစ်ပေမဲ့ ခိုးလမ်းကနေ ဝင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီပဲတွေ တင်ပို့တဲ့ ကုမ္ပဏီ ၃ ခုက တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေး မေးမြန်းနေတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

နယ်စပ် လုပ်ငန်းရှင် ၁ ဦးက"တရုတ်ဘက်က ကာစတန်တွေက ခိုးလမ်းက ဝင်လာတယ်ဆိုပြီး ဖမ်းခံရတဲ့ ပဲကုမ္ပဏီက လူတွေကို ဝန်ခံလက်မှတ်ထိုးခိုင်းနေတာ။ ဘယ်ထိုးလို့ ရမလဲ။ ၁၀၅ မိုင်မှာလည်း အခွန်ဆောင်ပြီး ကျင်းစန်းကျော့ - မန့်မိုင် တရားဝင်လမ်းကနေပဲ ဝင်လာတာ။ တရုတ်ဘက်ခြမ်းလည်း အခွန်ဆောင်ပြီးပြီလေ။ ဒီလိုပဲ တင်ပို့နေတာ ဆယ်စုနှစ်မကတော့ဘူး။ ပိုးမွှား အုပ်ရတဲ့ ဂိုဒေါင်မှာ ချိတ်ပိတ် ခံရတာ။" လို့ ပြောပါတယ်။

ဂိုဒေါင်မှာ ချိတ်ပိတ်ခံထားရတဲ့ ကုန်တွေက မြန်မာ နိုင်ငံသားတွေရဲ့ အများဆုံး ဖြစ်နေပြီး တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိတွေ အနေနဲ့ နိုင်ငံတော် အဆင့် ဖြစ်ဖြစ် ညှိနှိုင်းပေးစေလိုတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နောက်ထပ် ကုန်သည် ၁ ဦးက "ချိတ်ပိတ် ခံရတဲ့ ကုန်ရဲ့ တန်ဖိုးက တရုတ်ယွမ်ငွေ သိန်း တစ်ထောင်ကျော်လောက်ရှိမယ်။ အရင်လ ၂၄ ရက်နေ့က ချိတ်ပိတ်လိုက်တာ။" လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကုန်သည်တွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်နေပေမယ့် အဆင်မပြေဘူး လို့ ဆိုပါတယ်။

ဟိုးအရင်က စနစ်က ပဲတီစိမ်းတွေ ဘာတွေကျတော့ ဂျူတီဆောင်ပြီး တရုတ်ပြည်တွင်းသွင်းရ ပေမယ့် နောက်ပိုင်းကျတော့ ဂျူတီဆောင်ပြီး မသွင်းနိုင်တော့ ဒေသခံ အစိုးရက ဒေသသုံး အနေနဲ့ စနစ်တခု ပေးထားတယ်လို့ တရုတ်ကုန်သည် ၁ ဦး က ပြောပါတယ်။

"အခု သူတို့ ဘာကြောင့်ဖမ်းလဲဆိုတော့ အမှန်က ပဲတီစိမ်းက ပြည်တွင်းအထိသွားတယ်။ ဒါပေမဲ့ သူတို့က ဒေသသုံးအနေနဲ့ ဂျူတီဆောင်ပြီး သွင်းတာလေ။ ဒေသသုံးကျတော့ ဂျူတီနည်းတယ်ပေါ့နော်။ ဂျူတီရှောင်တဲ့ သဘောပေါ့။ အမှန်ကတော့ကွာ အစိုးရက မှားတာပါ။ အစိုးရက စနစ်တခု ပေးပြီးတော့ အခုက အဲစနစ်ကို ပြန်မပေးချင် တော့ဘူး။ အပြစ်ရှာတာပေါ့နော်။"

တရုတ်ဘက်က နယ်စပ် ကုန်သွယ်ရေး မူဝဝါဒ မကြာခဏ ပြောင်းလဲနေတာကြောင့် မြန်မာ့ ပို့ကုန် လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ဖြစ်နေကြရကြောင်း ကုန်သည်လုပ်ငန်းရှင် တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013