DVB Logo
Home
မြန်မာသတင်း
ကချင် IDP စခန်းများ မိုခါမုန်တိုင်းကြောင့် ပျက်စီး
DVB
·
May 15, 2023
ကချင် IDP စခန်းများ မိုခါမုန်တိုင်းကြောင့် ပျက်စီး
1 / 10
Donate to DVB

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာဧရိယာထဲက IDPs စခန်းတချို့မှာ ပျက်စီးမှုတွေရှိခဲ့ပြီး မဂယန်စစ်ရှောင်စခန်းက  ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုက "မနေ့ည ၁၄ ရက်နေ့ည ၈ နာရီခွဲကနေ  မနက် ၁ နာရီခွဲထိ တိုက်ခတ်တဲ့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရှအစ်ယာန် IDPs နဲ့ မဂယာန် IDPs စခန်းက လူနေအိမ်၊ မီးဖိုချောင်၊ အိမ်သာ၊ စာသင်ကျောင်း အဆောက်အဦတွေ ပျက်စီးသွားကြတာပါ" လို့ ဖော်ပြထားပါတယ်။

အဲဒီအရပ်ဘက်အဖွဲ့အစည်းနဲ့ နီးစပ်သူ တစ်ဦးက “ပရန်ခူးဒုံးရွာကလည်း ၃ အိမ်  ခေါင်မိုးလန် ပါသွားတယ်။ မြေရှား တူးထားတဲ့နေရာတွေ မြေပြိုတာမျိုးဖြစ်မှာလည်း သတိထားနေရတယ်။ မပေါက်ကွဲသေးတဲ့ မြေမြှုပ်ဗုံးရန်ကိုလည်း စိုးရိမ်နေရတယ်။ IDPs  က အပျက်အစီးတွေကိုတော့ စာရင်းလုပ်နေတုန်းပဲ” လို့ ပြောပါတယ်။

မဂယာန် IDP Camp မှာ လူနေအိမ် ၁၈ လုံး အိမ်သာ အလုံး၂၀ မီးဖိုချောင်  ၂၀ ပျက်စီးသွားခဲ့ပြီး   camp ရဲ့ အပျက်အစီးစာရင်းတွေကို ဆက်လက်စုံစမ်းနေကြောင်းလည်း ကနဦး သတင်းရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013