DVB Logo
Home
မြန်မာသတင်း
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတဝန်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သီးနှံစိုက်ခင်းများ ရေနစ်မြုပ် ထိခိုက်ပျက်စီး
DVB
·
May 15, 2023
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတဝန်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သီးနှံစိုက်ခင်းများ ရေနစ်မြုပ် ထိခိုက်ပျက်စီး
1 / 3
Donate to DVB

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့မှာ  မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး မြို့ရွာအချို့နဲ့  စိုက်ပျိုးမြေတွေ ရေလွှမ်းသွားခဲ့ပါတယ်။

သီးနှံစိုက်ခင်းတွေမှာ ရေဝင်နစ်မြုပ်မှုကြောင့် ရိတ်သိမ်းဆဲ နှမ်းခင်းတွေ အပါအဝင် ကောက်ပဲသီးနှံအချို့ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။

မကွေးတိုင်းက နှမ်းစိုက်တောင်သူတစ်ဦးက “ကျနော့် နှမ်းခင်းတွေလည်း ရေမြုပ်တယ်။ လောလောဆယ်တော့ ရေကြာကြာမဝပ်အောင် ထုတ်လို့ရသ‌လောက် ထုတ်နေတယ်။ အခြေအနေ ကောင်းနိုင်ဦးမလား မသိဘူး။ ဒီမိုးက ရိတ်ပြီးသား အခင်းတွေလည်း အဆင်မပြေလောက်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ရေဝင်နစ်မြုပ်နေတဲ့စိုက်ပျိုးမြေဧကနဲ့ သီးနှံပျက်စီး ဆုံးရှုံးမှုစာရင်းကို  အတိအကျ ကောက်ခံနိုင်ခြင်းမရှိပေမယ့် မိုးရွာသွန်းမှုနဲ့ မုန်တိုင်း အခြေအနေပေါ် မူတည်ပြီး တိုးလာဖွယ် ရှိတယ်လို့  တောင်သူတွေက ခန့်မှန်းထားကြပါတယ်။

“မုန်တိုင်းကြောင့် မိုးရွာနေတာ ဆက်တိုက်ပဲ။ မုန်တိုင်းလည်းပြီး နှမ်းခင်းလည်းကုန် ဖြစ်မလားတော့ မသိဘူး” လို့ နှမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးကနေ ကုန်းတွင်းကို ရွေ့လျားဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ” (MOCHA)ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးကနေ အရှေ့-အရှေ့မြောက်ယွန်းယွန်းကို ရွေ့လျားခဲ့ပြီး၊ တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်(Depression) အဖြစ်ကို အားလျော့သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမုန်တိုင်းဟာ နောက် ၃ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အဲဒီမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား၊ အချို့ဒေသတွေမှာ  ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013