DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးဆန္ဒပြုသူပေါင်း ၂၆ သိန်း ကောက်ယူရရှိထား
DVB
·
June 28, 2014
ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးဆန္ဒပြုသူပေါင်း ၂၆ သိန်း ကောက်ယူရရှိထား
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု စတင်ခဲ့တဲ့ တလအတွင်း တိုင်း ၃ တိုင်းမှာ လက်မှတ်ပေါင်း ၂၆ သိန်းလောက် ကောက်ယူရရှိခဲ့တယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောပါတယ်။

DASSK Hlai Bweပြီးခဲ့တဲ့ မေလ ၂၇ ရက်ကစပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုလက်မှတ်ကောက်ယူခဲ့ရာမှာ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ အခုလို ကောက်ယူရရှိထားတာဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်တိုင်းတွေက လက်မှတ်စာရင်းတွေ ရောက်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။

“အားလုံးပေါင်းလိုက်မယ်ဆိုရင် ၂၅ သိန်း ၂၆ သိန်းလောက် စာရင်းဝင်နေပြီ။ ဒါက အကုန်မဟုတ်သေးဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်း တွေဆိုရင် သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ခက်ခဲတဲ့အတွက် ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ နောက်ကချင်ပြည်နယ်။ ပြည်နယ်တွေကနေ ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ ကျနော်တို့နဲ့ ဆက်သွယ်ရေးလွယ်ကူတဲ့ ဒေသတွေ ဆိုရင် အခု သိန်း ၂၀ ကျော်နေပြီ ခင်ဗျ။”

ဒါ့အပြင် အခုရက်ပိုင်း လက်မှတ်ထိုးကောက်ခံမှုတွေမှာ လူတစုတဖွဲ့က မသမာမှုတွေ ပြုလုပ်လာနေတာတွေ့ရပြီး ဘယ်အုပ်စုဘယ်အဖွဲ့အစည်းက လုပ်နေသလဲဆိုတာကို စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

“လက်မှတ်ရေးထိုး ကောက်ယူမှုကိစ္စတွေမှာ တန်ပြန် သဘောသက်ရောက်တဲ့ဟာလေးတွေ လုပ်လာတွေ့တယ်ဗျ။ လက်မှတ်ရေးထိုးကောက်ယူတဲ့နေရာမှာ ကျနော်တို့လူတွေ မဟုတ်တဲ့ သူတွေဝင်လာပြီး လူတွေကို မချေမငံ ဆက်ဆံပြောဆိုတာလေးတွေရှိတယ်။ ၄၃၆ ကို လက်မှတ်ထိုး၊ မထိုးဘူး။ ဘာလို့ထိုးရမှာ ၄၃၆ က ဘာလဲဘာညာဆိုရင်၊ ဒါလေးတောင် မသိဘူးလား၊ တိုင်းပြည်အတွက် ဒါလေးတောင် တာဝန်မကျေနိုင်ဘူးလား ဘာညာဆိုပြီး လုပ်တဲ့ ပုံစံလေးတွေပေါ့။”

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာလို့လည်း ဦးထင်လင်းဦးက ပြောပါတယ်။

အန်အယ်ဒီနဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေ ပြုလုပ်နေရာမှာလည်း ကချင်၊ ချင်းစတဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲကျင်းပခွင့် မပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို လာမယ့်ဇူလိုင်လ ၁၉ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013