DVB Logo
Home
မြန်မာသတင်း
နမ္မတီးမြို့တွင် တွင်းရေများခန်းခြောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
May 14, 2023
နမ္မတီးမြို့တွင် တွင်းရေများခန်းခြောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ ၂၀၂၃ ခု မေလအတွင်း ရေတွင်းအများစု ရေခန်းခြောက်တာကြောင့် ရေမခန်းပဲကျန်ရှိသော တွင်းအနည်းငယ်နဲ့ စည်ပင်စိမ့်စမ်းရေပိုက်တွေက ရေတွေကို မျှဝေသုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တချို့ရေတွင်းတွေ ရေခန်းတာကြာပြီ။ ေချို့တွင်းတွေက တနေကုန်စုခပ် အရမ်းချွေတာသုံးနေရပြီး သောက်ရေကိုတော့ မခန်းသေးတဲ့ တွင်းတွေကနေ တောင်းခပ်ရတယ်။ ဒီလို ရေတွင်းတွေ ခန်းတဲ့နှစ်ဆို ရေအရမ်းကြီးတတ်လို့ စိုးရိမ်နေမိတယ်"  လို့ မြို့လှရပ်ကွက်တွင်နေထိုင်သူတဦးက ပြောပါတယ်။

လမ်းဘေးစည်ပင်ရေပိုက်တွေမှာ ရေတွင်းခန်းသွားသူတွေက ရေခပ် အဝတ်လျှော်ရေချိုးနေကြရတာလို့ ဆိုပါတယ်။

“မီးမလာတဲ့ ညအမှောင်မှာလည်း ဓာတ်မီးတွေနဲ့ လာခပ်ရတာ။ ည ၈ နာရီလောက်မှ  မီးလာတတ်တော့ မီးမလာခင်အမှောင်ထဲမှာ ရေခပ်သူတွေ ဓာတ်မီးကိုယ်စီ စက်ဘီး ဆိုင်ကယ်တွေနဲ့ ခပ်သူကခပ်၊ ထမ်းပိုးနဲ့  ထမ်းတဲ့တဲ့သူက ထမ်းနဲ့ တိုးဝှေ့ပြည့်ကြပ်နေတတ်တယ်။ တချို့နမ္မတီးချောင်းနဲ့နီးသူတွေက အဲဖက်ကိုသွားကြတယ်။ ရေမခန်းတဲ့ရပ်ကွက်က မရှိသလောက်ပဲ။ အကုန်ဒုက္ခရောက်နေရတယ်။ မခန်းတဲ့တွင်းတွေ ရှိတော့ရှိတယ် ရှားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

လီိဒုလမ်းမကြီးတဖက်က လမ်းခွရွာဘက်၊ နမ္မတီး ရထားသံလမ်းဘက်နဲ့ ဝါအောင်ရပ်ကွက်တွေမှာ  ရေတွင်းရေ ခန်းခြောက်တာကို ဆိုးဆိုးဝါးဝါးခံစားနေကြရပြီး ဒီလို  ရေခန်းခြောက်မှုမျိုးက ၃ နှစ် ၁ ကြိမ်လောက်ဖြစ်တတ်တယ်ဆိုပေမယ့်  ဒီနှစ်မှာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013