DVB Logo
Home
မြန်မာသတင်း
မြဝတီမှ မဲဆောက်သွားမည့်သူများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက မှတ်ပုံတင်သိမ်းပြီး ငွေကြေးတောင်းခံနေ
DVB
·
May 13, 2023
မြဝတီမှ မဲဆောက်သွားမည့်သူများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက မှတ်ပုံတင်သိမ်းပြီး ငွေကြေးတောင်းခံနေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ ကနေ သွားလာသူတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံနေတယ်လို့ မြဝတီ-မဲဆောက် ဖြတ်သန်းသွားလာနေသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ် လက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက တံတားပေါ် ဖြတ်သန်းသွားလာတဲ့ လူငယ်အများစုရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းကာ ပြန်လိုချင်ရင် ငွေကျပ် ၁၀,၀၀၀ ပေးရမယ်ဆိုပြီး ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။

“မြန်မာဘက်က ရဲတွေပါ၊ လုံခြုံရေးယူထားတဲ့ သေနတ်ကိုင် အစောင့်ရဲတွေ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်ညစ်ပတ်တာပါပဲ။ အလုပ်သွားလုပ်မှာ မဟုတ်လား၊ ပြန်မလာဘူးမဟုတ်လား၊ ဒီလိုစကားတွေသုံးပြီး မှတ်ပုံတင်ထားခဲ့ဆိုပြီး ညစ်ပတ်တာပါ။ မထားသွားချင် ၁၀,၀၀၀ ပေးခဲ့ဆိုပြီး ငွေညှစ်ပါတယ်။ မြန်မာပြည်ဘက်ရဲနဲ့ လဝကတွေရဲ့ ညစ်ပတ်မှုတွေပါ။”

မြဝတီမြို့ကနေ မဲဆောက်မြို့ကို သွားတဲ့အခါမှာ ပုံမှန် မြန်မာငွေကျပ် ၂,၀၀၀ သာ ပေးဆောင်ရပေမဲ့ လူငယ်အများစုကိုတော့ မှတ်ပုံတင်သိမ်းယူထားကာ ဓာတ်ပုံရိုက်တာ၊ တုံးထုတာတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းရှိရာနေရာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိရာနေရာ စုစုပေါင်း ၃ နေရာဖြတ်ရပြီး တနေရာကို မြန်မာငွေ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးဆောင်ရတယ်လို့ မြဝတီ-မဲဆောက် ကားမောင်းနေသူတဦးက ပြောပါတယ်။

“သူတို့က အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးရင် ဓာတ်ပုံရိုက်စရာရိုက်တယ်၊ နောက်ပြီး ဘာသွားလုပ်မှာလဲလို့ မေးတယ်။ လူတွေကတော့ အလည်အပတ်သွားမယ်လို့ ဖြေကြတာပေါ့။ အလည်သွားမှာဆိုရင် မှတ်ပုံတင် ပြန်လာမှယူလို့ ပြောတယ်။ တကယ်အလုပ်လုပ်မယ့်သူတွေကျတော့ အကြာကြီးထားခဲ့လို့ မရဘူးလေ။ အဲ့ဒါနဲ့ သုံးနေရာပို့လိုက်တယ်။ တတွဲတည်း ဓာတ်ပုံရိုက်ပြီး ထွက်လာရင် လဝက က ထပ်တောင်းတယ်။ ပြီးရင် လမ်းဆက်လျှောက်၊ အဲ့မှာ ရဲတွေရှိတဲ့နေရာကိုဖြတ်ပြီး ၁၀,၀၀၀၊ ကျန်းမာရေးဝန်ထမ်းတွေကို ၅,၀၀၀ ဆိုပြီး ပေးရတယ်။ အားလုံး ၃၀,၀၀၀ လောက် ပေးရတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သွားလာသူတွေကို ​အခုလို မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အလားတူ တံတားပေါ် ဖြတ်သန်းသွားလာသူတွေထဲက ကိုဗစ်ဆေး ၄ ကြိမ်ပြည့်အောင် မထိုးရသေးတဲ့ သူတွေကိုလည်း မြန်မာငွေ ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိတောင်းခံပြီး ဆေးလက်မှတ်တွေ လုပ်ဆောင်ပေးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013