DVB Logo
Home
မြန်မာသတင်း
နန်းမားရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ
DVB
·
May 12, 2023
နန်းမားရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနယ်မြေရဲစခန်းကို မေ ၁၁ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက်  ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းရုံးဝင်ပေါက်အနီး ဗုံးချ တိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။  

နန်းမားရဲစခန်းနဲ့ နီးစပ်သူ တဦးက  "နေ့လယ် ၂ နာရီ လောက်က  ဒရုန်းနဲ့ ဗုံးလာကြဲတာ။ အားလုံးပေါင်း နှစ်လုံး။ ပထမတစ်လုံးက စခန်းရှေ့ ဝင်ပေါက်နားကျပြီး ရဲသုံးဦး ဒဏ်ရာ ရသွားတယ်။ နောက်တစ်လုံးက ရှေ့ဆင်ဝင် ခေါင်မိုးပေါ်ကျပြီး သွပ်ပြားတွေ ပွင့်သွားတယ်။ ဗုံးနဲ့ကြဲပြီး လက်နက်ငယ်နဲ့ ပစ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ ရဲစခန်းထဲကလည်း ပြန်ပစ်တယ် ဒုရဲအုပ် တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ဒဏ်ရာရတယ် "လို့ ဆိုပါတယ်။     

ဖြစ်စဉ်အတွင်း  နန်းမားရဲစခန်းက ဒုရဲအုပ် ကျော်မိုးနိုင်၊ ရဲတပ်ကြပ်ကြီး ကျော်နိုင်ဝင်းနဲ့ ရဲတပ်သား မျိုးမင်းထွန်းတို့ ဒဏ်ရာရှိခဲ့ပြီး  မိုးညှင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။          

ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့  ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013