DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု မြင့်တက်
DVB
·
May 12, 2023
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု မြင့်တက်
Donate to DVB

တနင်္သာရီတိုင်းမှာ ဧပြီလက အရပ်သားသေဆုံးမှု ၃၈ မှုဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှုပမာဏ အများဆုံး မြင့်တက်ခဲ့တယ်လို့ တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်တွေကို လစဉ်မှတ်တမ်းတင် အစီရင်ခံစာထုတ်ဝေနေတဲ့ FE5 Tanintharyi Report Series မှတ်တမ်းအဖွဲ့ရဲ့ ဧပြီလအတွက် အစီရင်ခံစာအရ သိရပါတယ်။

သေဆုံးမှု ၃၈ ခုမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေကြောင့် သေဆုံးမှု ၈ ခုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကြောင့် သေဆုံးမှု ၁၅ ခုအပြင် လက်သည်မပေါ်ဘဲ အသတ်ခံရမှု ၁၅ ခုရှိခဲ့တာ ဖြစ်ပါတယ်။

လောင်းလုံမြို့နယ်မှာ ၈ မှု၊ ထားဝယ်မြို့နယ်မှာ ၇ မှုနဲ့ တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ပမာဏအများဆုံး မြို့နယ်တွေ ဖြစ်နေပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ ထားဝယ် ကျောက်မဲတောင် ယာယီရဲစခန်းမှူးရဲ့ သမီးနဲ့ အမေဖြစ်သူ လိုက်ပါလာတဲ့ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရပ်တန့်စစ်ဆေးရာ မရပ်တဲ့အတွက် ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါသူ လေးဦး သေဆုံးမှု၊ ဆိုင်ကယ်စီးခွင့် ပိတ်ခံထားရတဲ့ ကံပေါက်ဒေသ၊ ဇာဒီရွာမှာ ဆိုင်ကယ်စီးအမျိုးသားတဦးကို မောရဝတီရေတပ်က ပစ်သတ်မှုနဲ့ ရေဖြူမြို့နယ် ထွေအုပ်ဝန်ထမ်းဟောင်းတဦးရဲ့ကားကို စစ်တပ်က ပစ်ခတ်တဲ့အတွက် အဲဒီဝန်ထမ်းဟောင်းအမျိုးသား သေဆုံးမှုတွေ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှုပမာဏ အနေနဲ့ ဇန်နဝါရီလမှာ ၂၇ ဦး၊ ဖေဖော်ဝါရီလမှာ ၃၃ ဦး၊ မတ်လမှာ ၂၆ ဦးနဲ့ ဧပြီလမှာ ၃၈ ဦးအထိ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ပမာဏများတဲ့ လတွေအနေနဲ့ ၂၀၂၂ ဇွန်လမှာ ၃၁ ဦး၊ ၂၀၂၃ ဖေဖော်ဝါရီလမှာ ၃၃ ဦးနဲ့ ဧပြီလမှာ ၃၈ ဦးတို့ ဖြစ်ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားသေဆုံးမှု ၈၇ မှုရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အရပ်သားသေဆုံးမှု ၂၄၈ မှုအထိ သိသိသာသာ တိုးလာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013