DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာမိန်းကလေး ၁ ဦးအား အလုပ်ရှင်က ၇ လကြာ ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်
DVB
·
May 11, 2023
ထိုင်းတွင် မြန်မာမိန်းကလေး ၁ ဦးအား အလုပ်ရှင်က ၇ လကြာ ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့က အသက် ၁၆ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား မိန်းကလေး ၁ ဦးဟာ အလုပ်ရှင်က ၇ လ ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်တာ ခံခဲ့ရတယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကေ (အမည်လွှဲ) လို့ခေါ်တဲ့ မြန်မာမိန်းကလေးဟာ ၁၀ နှစ်ခံ တောင်ပေါ်သားကတ် ကိုင်ဆောင်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၁ ရက်နေ့ကစလို့ ဖုပ်ဖရမြို့ ချောင့်ခက်ပ်ရပ်ကွက်ရှိ နာမည်ကြီး ကွေ့သယို (ခေါက်ဆွဲ) ဆိုင် ၁ ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

အဲဒီမှာလုပ်ကိုင်စဉ် အလုပ်ရှင် အမျိုးသားက ဘယ်မှသွားခွင့်မပြုဘဲ အိမ်မှာလှောင်ထားပြီး မကြာခဏ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ သူမဟာ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ဒီ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲမှာမှ လွတ်မြောက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အပြင်ရောက်ပြီးတဲ့နောက် သူမက ဖုပ်ဖရမြို့နယ်ရဲစခန်းမှာ သွားရောက်တိုင်တန်းထားခဲ့ကြောင်း၊ ဒါကို အလုပ်ရှင်က သိသွားပြီးတဲ့နောက် အမှုပြန်ရုပ်သိမ်းဖို့ ကြားလူကနေတဆင့် ဘတ်ငွေ ၈ သောင်းနဲ့တကြိမ်၊ ၁ သိန်းနဲ့ ၁ ကြိမ် လာရောက် ညှိနှိုင်းခဲ့တယ်၊ ဒါပေမဲ့ မိန်းကလေးက လက်ခံလိုက်ရင် နောက်ထပ် တခြားမိန်းကလေးတွေကို သူ့လိုလုပ်မှာစိုးလို့ လက်မခံဘဲ ငြင်းခဲ့တယ်လို့ ဆိုပါတယ်။

ငွေပေးတာ လက်မခံတဲ့အတွက် အလုပ်ရှင်က သူတို့အသိ ရဲတွေနဲ့ပါ လာရောက် ခြိမ်းခြောက်ခဲ့ကြောင်း၊ ဒါကြောင့် မဲဆောက်ရှိ အလုပ်သမားကူညီရေးအဖွဲ့ ၁ ဖွဲ့နဲ့ ဆက်သွယ်မိပြီး အဆိုပါအဖွဲ့အစည်းနဲ့အတူ ပြီးခဲ့တဲ့ မေ ၉ ရက်က ဖုပ်ဖရမြို့နယ်ရဲစခန်းကို ထပ်မံတိုင်ကြားခဲ့ပါတယ်။

စခန်းမှူးကတော့ မိန်းကလေးဟာ လူငယ်ဖြစ်တဲ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့  အနည်းငယ် ကြန့်ကြာနေရကြောင်း၊ ဖြစ်စဉ်က ကြာခဲ့လို့ ဆေးစစ်ချက်တွေ ပြန်လုပ်နေရတယ်လို့ပဲ ပြန်ဖြေတယ်လို့ ဆိုပါတယ်။

အခုလို အဖွဲ့အစည်းတခုခုက ဝင်ရောက်ကိုင်တွယ်တယ် ဆိုရင်တော့ ကျူးလွန်သူ အလုပ်ရှင်ကို အရေးယူ အပြစ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မိန်းကလေးကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းကိုတော့ ဒီဗွီဘီက စုံစမ်းဆက်သွယ်လို့ မရသေးပါဘူး။

ကိုးကား - .msn.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013