DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် နိုင်ငံတကာအဖွဲ့များ မျှတမှုရှိရေး ဆွေးနွေး
DVB
·
June 27, 2014
ရခိုင်ပြည်နယ် နိုင်ငံတကာအဖွဲ့များ မျှတမှုရှိရေး ဆွေးနွေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ မျှတမှုရှိရေး၊ ရခိုင်ပြည်နယ်တိုးတက်ရေး တည်ငြိမ်ရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ လူဦးရေ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သံတမန်တွေနဲ့ ရခိုင်ခေါင်းဆောင်တွေ မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

Rakhaingနိုင်ငံတကာ အစိုးရအဖွဲ့မဟုတ်တဲ့ အဖွဲ့အစည်း (INGO) တွေ ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး လုပ်ငန်းတွေ လာရောက် လုပ်ကိုင်ရင် တဖက်စောင်းနင်း ဘက်လိုက် လုပ်ကိုင်တာတွေ ရှိနေတာနဲ့ ပတ်သက်လို့ ထင်သာမြင်သာဖြစ်အောင် ရခိုင်ခေါင်းဆောင်တွေက ထောက်ပြခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသမီး အစည်းအရုံးက ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေ တိုးတက်ရေး လုပ်ငန်းတွေပေါ့လေ။ ရခိုင်ပြည်ဟာ အများကြီး နိမ့်ကျနေတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာအကူအညီ မပါလို့ရှိရင် ရခိုင်ပြည်က ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲဒါကြောင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှမျှတတ လုပ်မယ်ဆိုရင် ရခိုင်အသိုင်းအ၀ိုင်းက ကြိုဆိုမယ့်အကြောင်းတွေကို ဆွေးနွေးကြတာ တော့ ကြားမိပါတယ်။”

နိုင်ငံတကာအဖွဲ့တွေကလည်း ရခိုင်တွေရဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်တဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အားလုံး ၀ိုင်းဝန်းဆွေးနွေး သွားကြတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန် ၂၆ ရက်နေ့က တည်းက စတင်ပြီး ၂ ရက်ကြာကျင်းပနေတာဖြစ်ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ဘီဂျေးနမ်ဘီးယားအပါအ၀င် နိုင်ငံတကာ သံတမန်တွေ၊ အကူအညီပေးရေး အဖွဲ့တွေ၊ ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် လျာထားခံရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းလည်း ဒီအစည်းအဝေးမှာ တက်ရောက်ဆွေးနွေးခဲ့ပြီး နိမ့်ကျနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေကို တဖက်က ဖွံ့ဖြိုးအောင်လုပ်ကာ တဖက်က ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို လျော့ပါးအောင် ဟန်ချက်ညီညီထိန်းသွားမယ်လို့ ဒီဗွီဘီကို ပြောကြားထာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013