DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေမှတ်ပုံတင် ကြန့်ကြာမှုကြောင့် မင်းလှ လယ်သမားများ အခက်တွေ့
DVB
·
June 27, 2014
လယ်ယာမြေမှတ်ပုံတင် ကြန့်ကြာမှုကြောင့် မင်းလှ လယ်သမားများ အခက်တွေ့
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်ရဖို့ ကြန့်ကြာတာတဲ့အတွက် အခက်အခဲတွေ ကြုံရတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

farmer“ပုံစံ ၇ (လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်) ရဖို့အတွက် ၁ ဧက ကို ငွေ ၁ သောင်း၊ ၂ သောင်း စသဖြင့်တောင်းခံရတယ်” လို့ လယ်သမားတဦးက ပြောပါတယ်။ ပုံစံ ၇ ရှိတဲ့သူမှ စိုက်ပျိုးရေးဘဏ်မှာ စိုက်စရိတ်ချေးလို့ရတဲ့အတွက် အခက်အခဲကြုံရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

သနာပိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “ကျနော့်အုပ်စုက ရွာတရွာမှာဆိုရင် တရွာလုံးနီးပါး ပုံစံ ၇ မရသေးဘူး။ ငွေလည်းတောင်းခံရတယ်။ အဲဒါကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်စာပို့လိုက်မှ အခုတော့ လယ်သမား တ၀က်လောက်တော့ ရသွားပြီ” လို့ ပြောပါတယ်။

မင်းလှမြို့နယ် မြေစာရင်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးအောင်ဆန်းက “ဒီလို ငွေတောင်းတာ တွေကိုတော့ သေချာ မသိပါဘူး။ ကိုယ့်သားသမီးတွေ မဟုတ်တော့လည်း အုပ်ချုပ်ရတာ အခက်သားဗျ” လို့ ပြောပါတယ်။

လယ်ယာမြေမှတ်ပုံတင်လုပ်ငန်းကို ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး လယ်သမားတွေဘက်က ဥပဒေရဲ့ အတိမ်အနက်ကို မသိလို့ မလုပ်ပဲနေခဲ့ကြတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

မင်းလှမြို့နယ် ဒု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်ကလည်း “ငွေတောင်းတာနဲ့ပတ်သက်ပြီး စာနဲ့ တရားဝင်တင်ပြလာတာတော့ မရှိပါဘူး။ တကယ်လို့ တောင်းခံရတဲ့ ကာယကံရှင်က မကျေနပ်ရင် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ ကော်မရှင်ကို ဦးတည်ပြီး တိုင်ရမှာပေါ့” လို့ ပြောပါတယ်။

ပုံစံ ၇ မရသေးတာ၊ ကျန်သေးတာတွေနဲ့ ပတ်သက်လို့တော့ မြို့နယ် မြေစာရင်းဦးစီးကို ဆောင်ရွက်ဖို့ ပြောထားတယ်လို့လည်း သူက ဆိုပါတယ်။

မင်းလှမြို့နယ်မှာ ကျေးရွာအုပ်စု ၅၆ ခုရှိပြီး လယ်ယာမြေတွေကို နာမည်ပြောင်းတာ၊ ခွဲခြမ်းတာ တွေမှာလည်း ငွေတောင်းခံရတာ ကြုံနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013