DVB Logo
Home
မြန်မာသတင်း
ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်
DVB
·
June 27, 2014
ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်
Donate to DVB

NightClub-KTV မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့တာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013